အပိုင်း ၅
ရက်များစွာကြာပြီးတဲ့နောက်။
''ပန်းတွေ လတ်တယ်နော်
အစ်မရေ ဝယ်သွားပါအုံးလား''''ဟိတ်''
''ငါနင့်ကို မမြင်ဘူးနော် သရဲကောင်လေး''
''နင်ကလည်း ကူညီပါနော်''
''ဟယ် နင့်ဖာနင်တောင် ဘယ်မှာ
သေခဲ့မှန်းမသိတာ ငါက ဘယ်လို
ကူညီရမလဲ''''ငါ အဲ့မင်းသားကို သိတယ်လို့''
''အဲ့မင်းသားက ဇာတ်ကားမရိုက်တော့ဘူး''
''ဒါပေမဲ့''
''ဟဲ့ သရဲလေး အေးနော် ဖုန်းကြည့်ပြီး
ပြောနေတယ်ထင်လို့ ဘေးလူတွေ ငါ့ကို
အရူးလို့ မမြင်တာ၊ သွား သွား သွားတော့''''ငါ့ကိုယ်ငါ မသေသေးဘူးလို့ ထင်လို့ပါ
ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါဟာနော်
ငါ သူ့ကို တွေ့မှရမယ်''''ဟယ် သူက မင်းသား ငါက
စျေးသည်လေ ငါ့မှာ ဘာအာဏာ
ရှိမှာလဲ''''နင် နင် ငါတို့ အကြောင်းတွေ
နားထောင်ပေးလေ''''ဘာလဲ နင်တို့ ငယ်ငယ်ကတည်းက
အပြန်အလှန်ကူညီခဲ့တဲ့ အကြောင်းလား
တော်ပြီ ငါ နားငြီးလှပြီ''''နင်ကလည်း ငါ အလိုလိုသိနေလို့ပါဆိုနေ''
ညီငယ် သေသွားခဲ့ပြီလား မပြောတတ်။
ဝိညာဥ်ဘဝရောက်မှန်းတောင် အတော်ကြာ
မှ သိရသည်။ လျှောက်သွားရင်း မိန်းကလေး
တစ်ယောက်နဲ့ ဆုံခဲ့သည်။သရဲမြင်ရတဲ့ ကောင်မလေး။
စျေးသွားစျေးပြန် အနောက်ကနေ
လိုက်ကာ နားပူမိသည်။ ညီငယ် ရိုးရိုးတန်းတန်း
သေခဲ့တာ မဖြစ်နိုင်။''ဟဲ့ နင်သေတာ စုံစမ်းပေးရအောင်
ငါက စုံထောက်လည်း မဟုတ်''''နင်သာ ကူညီရင် ငါကျေးဇူးမမေ့ပါဘူး''
''ခက်တော့တာပဲ အဲ့လူနာမည်က
ကိုကိုလေးနော်''''ဟုတ်တယ် အဲ့ မဟုတ်ဘူး နာမည်ရင်းက
မင်းခေတ်သွင်တဲ့''''အဲ့မင်းသားနာမည်ပဲ အခုတလော
နာမည်ကြီးနေတာလေ''''အွင်း ကူညီမယ်မလား''
YOU ARE READING
KoKoLay 🦋BL fic
General Fiction[Complete♥Z&U] လူတစ်ယောက်ဟာ လူတစ်ယောက်အတွက် ပေးဆပ်ဖို့ မွေးလာတယ်လို့ ကျွန်တော် ဘယ်ထင်မိမှာလဲ။ သူ့နာမည်ကတော့ မင်းခေတ်သွင်တဲ့။ ကျွန်တော်ကတော့ ကိုကိုလေးလို့ပဲ တရိုတသေခေါ်မိတယ်။