🦋ep6(End).U

522 14 2
                                    

အပိုင်း ၆

''ဘယ်သူလဲဗျာ''

''ကိုကိုလေးလေ ညီငယ်''

''ဘယ်က ကိုကိုလေးလဲဟင်''

''ကိုကိုလေးပါဆို ကိုကိုလေးပေါ့ကွ''

''ဟင့်အင်း အဲ့ဒီနာမည်ကို မကြားဖူးပါဘူး''

''ညီငယ်ရာ ကိုကိုလေးကို မင်း မမြင်နိုင်သလို
မှတ်လည်း မမှတ်မိတော့ဘူးဆိုတာကတော့
မလွန်ဘူးလားကွာ''

''ဘာတွေပြောနေတာလဲဗျာ
ကိုကိုလေးက ကျွန်တော့ အမျိုးလား ဟင်
မမကျော့နန်းကပြောတယ် ကိုကိုလေးက
ကျွန်တော် အစ်ကိုရင်းတဲ့ အဲ့ဒီကိုကိုလေးလား
ကိုကိုလေးလား ဟင်''

''ဟင်း... ကျော့ရယ် ရက်စက်လိုက်တာ
ဟုတ်တယ်လို့ ပြောရမလား ကလေးရယ်
ဟုတ်တယ် ကိုကိုလေးဟာ ကလေးရဲ့
ကိုကိုလေးပါ အစ်ကိုရင်းလို ချစ်ရတဲ့
ကိုကိုလေး''

ကိုကိုလေး မျက်ရည်တွေ ဝဲနေသည်။
မမြင်ကန်းဟန်ပြုလို့ မျက်ရည်တွေကို
သုတ်ပေးဖို့ ကြိုးစားချင်ပေမဲ့
နှလုံးသားက ခွင့်မပြု။လက်တို့ပြန်ရုတ်
ထားမိသည်။

ကိုကိုလေးဟာ မမကျော့ ပိုင်ဆိုင်သွားတဲ့ ယောက်ျားတစ်ယောက်ဖြစ်လို့နေပြီ။

''ညီလေးလို့ ခေါ်မယ်နော်''

''ဟုတ်ကဲ့ ကိုကိုလေး''

''အွန်း ကိုကိုလေး ပြန်အုံးမယ်
နောက်နေ့လည်း ဒီဆေးရုံကို
အမြဲ မကြာမကြာလာမယ်
မေ့နေတာ မင်း မမက မှာထားတာ
သူက အလုပ်မအားတော့ ဒီကို မကြာမကြာ
လာရမယ်တဲ့လေ အဟင်း ကဲ သွားပြီ''

မပြန်ခင် ကိုကိုလေး ညီငယ့်
ပါးကို လိမ်တော့ ငယ်ဘဝကို ပြေးမြင်
မိသည်။ ကိုကိုလေးမကြိုက်တာ လုပ်မိ
တိုင်း ပါးလိမ်ခံခဲ့ရသည်။

အခုတော့ ညီငယ်ဆီကနေ ကိုကိုလေး
အလိမ်ခံလိုက်ရပြီ။

ကိုကိုလေး ပြန်သွားတော့ အပေါ်ထပ်
ကနေ မသိမသာ လှမ်းကြည့်မိတဲ့
မျက်ဝန်းအိမ်မှာ မျက်ရည်တွေက
ပြည့်လျှံနေသည်။

နောက်နေ့တွေကို အမြန်ရောက်ချင်မိသည်။
ညီငယ်ချစ်တဲ့ ကိုကိုလေးကို ထပ်မြင်ရဖို့
ရှည်လျားတဲ့ ညကို ကြယ်တွေရေတွက်ရင်း
ကုန်ဆုံးရလေအုံးတော့မည်။

🦋ပြီးပါပြီဗျာ။
#ဦးငယ်

💙အပျင်းပြေစိတ်ထင်ရာ ရေးသားခဲ့ခြင်းသာ။
    ဖော်ပြပါ ဇာတ်လမ်းဟာ စာရေးသူရဲ့
    စိတ်ကူးပုံဖော်ရေးသားမှုသာ ဖြစ်ပါသည်။
    လွတ်လပ်စွာမျှဝေနိုင်ပါသည်။

12:55AM...3.2.2023...Friday

KoKoLay 🦋BL ficWhere stories live. Discover now