🦋ep 4.U

415 18 0
                                    

အပိုင်း ၄

''အိပ်ပျော်နေတာပါ့လား''

''ညက အတော်နဲ့
မအိပ်ရလောက်ဘူး ကိုမင်းခေတ်''

''အွင်း''

ရူတင်က indoorဆိုတော့
အခန်းထောင့်မှာ ဖြစ်သလိုအိပ်နေတဲ့
ကောင်လေး။ စိုက်ကြည့်မိလေလေ
ရင်ခုန်ရလေလေ။

''ဟင် အင် အဟင်း ကိုကိုလေး
ပြီးပြီလား ကျစ် သက်လှေကလည်း
မနိုးဘူး''

''အခုမှပြီးတာ နေသိပ်မကောင်းလို့
နက်ဖြန်မှ ရိုက်ဖို့ ပြောထားတယ်
အခု ပြန်မယ်''

''ကောင်းပါတယ် အပြန်တော့
ဒေါက်တာဆီ ဝင်အုံးနော်''

''အွန်း''

အိမ်အပြန် အိပ်ပျော်လိုက်လာသူ။
ပခုံး ငှားပေးခဲ့သည်။ အိမ်ရောက်မှ
နိူးကာ ယိုင်တိယိုင်တိုင် သွားသူ။

'' ကျော့ ''

''စောသားပဲ ညီငယ်ကို ဖုန်းဆက်တာ
မကိုင်ဘူးလေ အိမ်ဖုန်းလည်း ခေါ်မရတာနဲ့
ကျော့လိုက်လာတာ၊ အရေးတကြီး ပြောစရာ
လည်း ရှိလို့''

''ထိုင်ပါအုံး''

''အွန်း''

''ဘာအတွက်လဲ''

''မင်္ဂလာကိစ္စအတွက်ပါ ဒယ်ဒီတို့
လောနေပြီ၊ ဒီက ပိုင်ဆိုင်တာတွေ
အကုန် ကျော့ကို လွှဲပေးဖို့က
များလွန်းတယ်လေ သူ့သားမက်ကိုပါ
ခွဲပေးချင်တယ်တဲ့ အဲ့တာ နောက်အပတ်
ထဲ မင်္ဂလာရက်ရွေးလိုက်တယ်''

''ကိုလည်း မသိရပါ့လား''

''ကိုသွင် အလုပ်ရှုပ်နေတာမို့လား
ဘာလို့လဲ နှစ်တွေအကြာကြီးဆွဲထား
ခဲ့တာပဲလေ ပြီးတော့ လက်ထက်ပြီးလည်း
ကိုသွင် ဇာတ်ကားရိုက်ချင်သေးရင်
ဆက်ရိုက်လေ ကျော့ ခွင့်ပြုမှာပါ''

''ကို စဥ်းစားခွင့်တောင် မရတော့ဘူးလား''

''နှစ်အကြာကြီးပေးထားခဲ့တာပဲ ကိုသွင်
ကျော့ အဲ့ဒီထက်တော့ ပိုပြီး သဘောထား
မကြီးနိုင်တော့ဘူး''

ဧည့်ခန်းထဲက စကားသံတွေက
ညီငယ်ကို စောင်းပြောနေသလား
အောက်မေ့ရသည်။အခန်းတံခါးကို
ကျောမှီထားရင်း အလိုလိုကျနေတဲ့
မျက်ရည်တွေကို မသုတ်ဖြစ်။

တကယ်တော့ ဦးပြေရယ် သက်လှေရယ်
သူ တီးလုံးတိုက် ဇာတ်လမ်းဆင်ထားခြင်း
ဖြစ်သည်။

ညီငယ် တကယ်တော့ ကိုကိုလေးကို
သိပ်ချစ်သည်။ စချစ်ပြီဆိုကတည်းက
မပေါင်းစပ်နိုင်မှန်း သိခဲ့ရက်သားနဲ့
ချစ်ခဲ့သည်။

''ဒေါက်ဒေါက်ဒေါက်''

''ညီငယ် အိပ်ပြီလား သက်သာလား''

မဖြေမိ။ ပါးစပ်ထဲ လက်လေး
ထည့်ကာ တိတ်တိတ်လေး ငိုမိသည်။
ကိုကိုလေး အသံပျောက်သွားမှ
အိပ်ရာထက် သွားကာ ခေါင်းအုံးပေါ်
မျက်နှာအပ်လို့ ကြိတ်ငိုမိသည်။

မကြာတော့တဲ့ အချိန်မှာ
ကိုကိုလေးကို ဆုံးရှုံးရတော့မည်။

ဒီလိုဖြစ်လာမယ်ဆိုတာကို
ညီငယ်သိသလို ကိုကိုလေးလည်း
သိသည်။ အကြွေးက နစ်လေမြုပ်လေ။
ကိုကိုလေးတို့ စီးပွားရေးက ဦးမော့မလာနိုင်။
ကျော့နန်းထိုက်နွယ်ဆိုတဲ့ မိန်းမရဲ့
လက်ခုပ်ထဲက ရေသာသာ ဖြစ်နေရသည်။

မင်းခေတ်သွင် စီစီတီဗွီကနေ
ကြည့်နေတာကို ရပ်လိုက်သည်။
အပြေးသွားကာ ပွေ့ဖက်ထားချင်ပေမဲ့
စိတ်သွားတာ ကိုယ်မပါနိုင်။ အရက်
ပုလင်းကို ယူကာသာ မော့သောက်နေမိ
တော့သည်။

ဖြစ်နိုင်ရင် အဲ့ဒီညက အရက်သာ
မသောက်ခဲ့လျှင် ညီငယ်ကို ဆုံးရှုံးရလိမ့်
မည်မထင်။

နောက်တစ်နေ့ အိပ်ရာနိုးချိန်
ညီငယ် ပျောက်သွားခဲ့သည်။

💙🦋💙

KoKoLay 🦋BL ficDonde viven las historias. Descúbrelo ahora