🦋ep2.U

558 21 0
                                    

အပိုင်း ၂

နှစ်အတော်အတန်ကြာပြီးတဲ့နောက်။

''ကိုမင်းခေတ်''

''အင်း''

''ဟိုသတင်းကြားပြီးပြီလား''

''ငါ့ကို အားနေတဲ့ကောင်လို့ ထင်နေတာလား''

''အာ မဟုတ်ဘူးလေ ကိုမင်းခေတ်ရလဲ
ဟို ညီငယ်လေ ညီငယ်''

''ဘာ''

ကျန်တာ အရေးမလုပ်ချင်ပေမဲ့
မင်းခေတ်သွင် ညီငယ်နဲ့ ပတ်သက်ရင်မရ။

''အို လန့်တာ''

''ပြောစမ်းပါ မြန်မြန်''

''သူ ရိုက်ကူးရေးအဖွဲ့ထဲက လူတစ်ယောက်နဲ့
အကြည်စိုက်နေတယ် သတင်းရတယ်''

''ဘယ်သူလဲ မင်းသားလား အရံထဲကလား
မြန်မြန်ပြောလေ''

''ဒါရိုက်တာနဲ့လား ဘာလားပဲ''

''ကျစ် ခွေးကောင်လေး''

''ဟော ဟိုမှာ လာနေပြီ''

မင်း​ခေတ်သွင် မျက်နှာစူပုပ်ထားလိုက်သည်။

''ကိုကိုလေး ဘာဖြစ်လို့လဲ''

''မင်း ဘာလုပ်နေခဲ့တာလဲ''

''ဟို ဟို အသိတွေ့လို့ အဲ့တာ''

''အပိုတွေ မပြောနဲ့ ငါ့ကို ပြောစမ်း''

''အာ အာ''

ကော်လံကနေ ဆောင့်ဆွဲထား​တော့
ညီငယ် ဇက်ပုထားရပြီ။
ဒရိုင်ဘာကောင်ကို လှည့်စောင်း
ကြည့်မိတော့ အချွန်နဲ့ မ ထားပြီ။

''သက်လှေ မင်း မင်းနော်''

''သက်လှေကို ရန်စောင်မနေနဲ့
ပြောစမ်း မင်း ငါမသိတာ ဘာလုပ်ထား
သေးလဲ ပြောလေကွာ''

''ဘာ ဘာမှ မဟုတ်ပါဘူး
ဟို ခင် ခင်ရုံ သက်သက်ပါ''

''မင်းနဲ့ စကားမပြောတော့ဘူး''

စိတ်ဆိုးသွားပြီ။ လူကြီးဖြစ်ပြီး အဲ့သလို။

''ဒေါက် ဒေါက်ဒေါက်''

''အော် မမလေး လာပြီ လာပါဗျ တက်ပါ''

''ကိုသွင် ဘာဖြစ်လို့လဲ
ဒီကောင်စုတ်လေး ဘာပြဿနာ
လုပ်ထားပြန်တာလဲ၊ ကျော့ပြောပါတယ်
အလုပ်ထုတ်လိုက်ပါဆို''

KoKoLay 🦋BL ficWhere stories live. Discover now