🦋ep 3.U

461 20 0
                                    

အပိုင်း ၃

''ညီငယ်ကော''

''သူသွားနှင့်တယ် ကိုမင်းခေတ်''

''ညက အိပ်ရလို့လား''

''ပြောမရဘူး အရေးကြီးတယ်တဲ့
ကိုမင်းခေတ် ဖုန်းပါ ယူသွားတယ်''

''ဘာပြောတယ်''

''ဟုတ်တယ်''

''မြန်မြန်''

''မိတ်ကပ် မိတ်ကပ်လေ ကိုမင်းခေတ်''

စိတ်က လောနေသည်။ noteထဲ
ရေးထားတဲ့ စာတွေကို မြင်လို့မဖြစ်။
ကားကို အမြန်မောင်းထွက်လာမိသည်။

တွေ့တော့ ညီငယ် ဖုန်းပြောနေသည်။
အမြန် ပြေးသွားတော့ အရေးထဲ
ကြေငြာက ဝင်သေး။ ဒါရိုက်တာ စုတ်။

''အဟမ်း''

''အော် မင်းသား''

''အင် ကိုကိုလေး ဘာလို့ စောသေးတယ်လေ
ကြည့်အုံးမျက်နှာပြောင်နဲ့
ဟိုလေ ဦးပြေ နောက်မှ ပြောမယ်နော်''

''ကောင်းပြီ ငယ်''

ကိုကိုလေး လက်မောင်းကို ဆွဲကာ
ခေါ်လာတော့ ပေတိပေတေနဲ့
လိုက်လာသူ။ ကားကို ကိုယ်တိုင်
မောင်းလာပုံရသည်။

''ဘာလို့ အလောတကြီး လိုက်လာတာလဲ''

''ပေး''

''ဟင် အော် ဖုန်းလား''

''ပေးလေ''

''မယူ မယူလို့ ဖြစ်လို့လေ ကဒ်ထည့်ပြီး
သုံးနေတာ ဘာလဲ မမြင်သင့်တာတွေ
ပါနေလို့လား''

''မင်း အပူလား''

''ကြည့်ပါလား ရေကော ချိုးလာလား''

''no''

''ညစ်ပတ်အိုး''

ကားကို ညီငယ် မောင်းလိုက်သည်။
အိမ်ရောက်တော့ စိတ်ဆိုးပြေသွားသူကို
လုပ်ကိုင်ပေးရသည်။ ကိုကိုလေးတစ်နေ့တာက
ညီငယ်နဲ့မှ ပြည့်စုံသည်။

''ချေးတွန်းပေးလေ''

''ကလေးလား ကိုယ့်ဖာသာလုပ်''

''ညီငယ်''

''အာ ကိုကိုလေးနော် ခင်ဗျားက
လူကြီးနော် ကလေးဆိုးလုပ်မနေနဲ့
ခင်ဗျား မိန်းမယူရင် ဘယ်လိုလုပ်မလဲ''

KoKoLay 🦋BL ficWhere stories live. Discover now