အပိုင်း - ( 2 )

980 143 9
                                    

Unicode


        " ဒါဘယ်နေရာကြီးလဲ... "

       တံခွန့် မျက်လုံးတွေဝါးနေသည်။ပတ်ဝန်းကျင်တစ်ခုလုံးက မြူတွေဆိုင်းကာ အေးစိမ့်နေ၏။

     ခြေတစ်လှမ်း လှမ်းလိုက်ချိန် တံခွန့်ခြေထောက်က အသံလေးတစ်ခုထွက်လာသည်။ခြူသံလေးတစ်ခု။တံခွန်ငုံ့ကြည့်လိုက်တော့ ဘယ်ဘက်ခြေကျင်းဝတ်တွင် ငွေရောင်ခြူလုံးသေးသေးလေးတစ်ခုရှိနေ၏။

      " ဟမ်...ဒါကဘာတွေလဲ... "

      ပြီးမှ သတိထားမိသွားတာက ခုထိ ဝတ်ထားဆဲဖြစ်သော အနက်ရောင် တိုက်ပုံနှင့်တောင်ရှည်ပုဆိုးပင်။မဟုတ်သေးဘူး ခုဏကလေးတင် အမေနဲ့ အခန်းတစ်ခုထဲ ဝင်သွားတာလေ။ဘာတွေဖြစ်ကုန်တာလဲ။

      " ပိုး...တံခွန်... "

      ခပ်သြသြ အသံတစ်ခု...တံခွန် ကြက်သီးမွှေးညှင်းများထသွားသည်။

      ယောကျာ်းသံကြီးမို့ အမေတော့ မဖြစ်နိုင်။နတ်ဝင်သည်ကြီးအသံလည်းမဟုတ်။တကယ်ပဲ ဘယ်သူကြီးလဲ...

      " ဘယ်...ဘယ်သူလဲ...ကောင်း...ကောင်းကောင်းပြောနေတုန်း ထွက်ခဲ့နော်....မဟုတ်ရင် ကျွန်တော် ချမှာနော် "

     တံခွန် လက်သီးပြင်ထားလိုက်သည်။

    ထိုစဥ် ပုခုံးပေါ်ကို လက်အေးကြီးတစ်ဖက်က လာတင်၏။

     ခွပ်

     " ........ "

      " မောင်မင်း... ငါကိုယ်တော်ကို...ထိုးလိုက်တာလား...ငါကိုယ်တော်က မောင်မင်းလင်တော်မောင်လေ... "

      " အားးးးးအမေကြီးရေ သရဲကြီး "

      ထိုးပြီးတာနှင့် ဖြတ်ကနဲမြင်လိုက်ရသော ပြာနှမ်းနှမ်းနှုတ်ခမ်းကြီးရယ် လက်သီးနှင့် ထိမိလိုက်သော အေးစက်နေသည့် အသားအရည်ရယ်ကြောင့် တံခွန် အော်ဟစ်ကာ ခွေးပြေး ဝက်ပြေး ပြေးတော့သည်။

      " ဘယ်ကိုပြေးမလို့လဲ...ကိုယ်တော့်ကို ထားခဲ့ချင်နေတာလား..."

     " အားးးး သရဲ !!! အမေရေ သံဗုဒ္ဓေ နမ္မာမိ ဟောတု !!! "

       ရှေ့တည့်တည့်တွင် ဖျတ်ကနဲ ပေါ်လာပြန်သော မည်းမည်းကြီးကြောင့် တံခွန် ဘုရားစာတွေ ဇောက်ထိုးဆိုကာ နောက်လှည့်ပြီး ပြန်ပြေးရပြန်၏။

သရဲဘုရင်ရဲ့ချစ်ဇနီးလေးသရဲခြောက်ခံနေရပြီWhere stories live. Discover now