အပိုင်း(10) - ပုံပြင်(1)လူပျိုဆောင်မှအငြှိုးဝိဉာဥ်{7}

802 131 6
                                    

Unicode

    ပုံပြင် (၁) - လူပျိုဆောင်မှအငြှိုးဝိဉာဥ်

       မေသွယ် Taxi ပေါ်က ဆင်းလိုက်ပြီး ခေါက်ထီးလေးကို ဖွင့်ဆောင်းလိုက်သည်။မေလရဲ့ နေရောင်ခြည်ခပ်ပြင်းပြင်းက သူမ၏ ဖြူနုသော အသားအရည်လေးပေါ် အညှာအတာမရှိ ထိုးကျနေ၏။

      မျက်စိရှေ့က ယောကျာ်းပျိုလေးတွေသာ ဥဒဟိုဝင်ထွက်နေကြသော လူပျိုဆောင်ကြီးကိုကြည့်ပြီး မေသွယ် မျက်နှာလေး ရဲနေမိသည်။ကိုကိုက ဘာတွေလုပ်မှန်းမသိဘူး။ဒီနေရာကြီးကို လာခိုင်းရတယ်လို့။

     စိတ်အလိုမကျမှုကြောင့် မေသွယ့် နှုတ်ခမ်းဖူးဖူးက အနည်းငယ်ထော်နေကာ မျက်ခုံးတန်း သွယ်သွယ်များက ကြုံ့နေကြ၏။

       " ဟယ်လို ကိုကို သဲ အောက်မှာရောက်နေပြီ။အရှေ့မှာ ညစောင့်ဦးလေးကြီးရှိနေတယ်။သဲက ဘယ်လိုဝင်ခဲ့ရမှာလဲ "

       " ကိုကို အဲဒီ့ ဦးလေးကြီးကို ပိုက်ဆံပေးထားပြီးသား။အဲ့အဖိုးကြီးက ကိုကို တစ်ခွန်းဆို တစ်ခွန်းပြီးတယ်။သဲ ဒီအတိုင်း ခပ်တည်တည်နဲ့သာ တက်လာခဲ့။ဒီတိုက်က CCTV တွေဘာတွေလည်း ရှိတာမဟုတ်ဘူး "

      ​" ပြီးရော ပြီးရော ၊ သဲခနပဲ နေမှာနော်ကိုကို ၊ ရုပ်ရှင်ချိန်က နီးနေပြီ ၊ မြန်မြန်ပြင်ဆင်ပြီး ပြန်ထွက်ကြမယ် ၊ ဒီနေ့အရေးကြီးတာ ပြောစရာရှိပါတယ်ဆို "

     " အေးပါကွာ တက်သာ တက်လာခဲ့ပါ "

     မေသွယ်လည်း ဦးလေးကြီးကို မသိမသာကြည့်လိုက်တော့ လူကြီးကတစ်ချက်သာ စောင်းငဲ့ကြည့်ပြီး မသိချင်ယောင်ပြန်ဆောင်ကာ အများသုံး အမှိုက်ပုံးနေရာနားတွင် ကုန်းကုန်းကွကွနှင့် အလုပ်များချင်ယောင်ဆောင်နေတာကို တွေ့လိုက်ရသည်။

      သက်ပြင်းတစ်ချက်ရှိုက်ကာ မရဲတရဲနှင့် တိုက်ပေါ်ကို ​တက်လာခဲ့လိုက်တော့၏။လှေကား တစ်လျှောက် တွေ့သမျှလူများမှာ ကောင်လေးများသာဖြစ်နေသဖြင့် မေသွယ် ခေါင်းကို ငုံ့ကာသာ ခပ်မြန်မြန်လေး တက်လာလိုက်သည်။

        " ဘုန်း အင့် "

       ကိုကိုနေသည့် အလွှာသို့ ရောက်ခါနီးလှေကားအကွေ့တွင် လူတစ်ယောက်နှင့် တိုက်မိသွားတာကြောင့် ထိုလူက လှမ်းဆွဲပေးလိုက်ရာ မေသွယ် နောက်ပြန်လန်ကျမည့်ဘေးမှ သီသီလေးလွတ်သွား၏။မော့ကြည့်လိုက်တော့ အသားဖြူဖြူ အရပ်မြင့်မြင့် ကိုယ်လုံးကိုယ်ပေါက် ခပ်ပြည့်ပြည့်နှင့် ကောင်လေးတစ်ယောက်က မေသွယ့်ကို အားနာဟန်ဖြင့် ငုံ့ကြည့်နေသည်။

သရဲဘုရင်ရဲ့ချစ်ဇနီးလေးသရဲခြောက်ခံနေရပြီWhere stories live. Discover now