အပိုင်း -(7) ပုံပြင်(1) လူပျိုဆောင်မှအငြှိုးဝိဉာဥ် {4}

736 113 7
                                    

Unicode

  ပုံပြင် (၁) - လူပျိုဆောင်မှ အငြှိုးဝိဉာဥ်

          " သား...သားကြီး...ဟိုလေ...ချမ်း...ချမ်းသလိုပဲနော်... "

      ထိုက်စံထွန်းက ဘေးပတ်ဝန်းကျင်ကိုမကြည့်ပဲ ခေါင်းကြီးကို အတင်းအောက်ငုံ့ကာ အားတင်းပြောလိုက်သည်။သို့သော်ငြား သူ့အသံက တုန်ယင်နေ၏။

       " သြော် ဟား ဟား အေး ဟုတ်တယ် ချမ်းတယ်နော် ဆောင်းဝင်ပြီလားမသိဘူး "

       အခုမှ နွေအကုန် မိုးအကူးကာလကြီးကို သိသိရက်နှင့် မျိုးမင်းမင်း ခြောက်ကပ်ကပ်ရယ်ပြီး ဝင်ထောက်လိုက်သည်။

      သုံးဦးသား ​ကြားလေပင်မသွေးနိုင်အောင် တိုးဝှေ့ပူးကပ်ပြီး မှန်ပြတင်းပေါက်များကို မကြည့်ရဲတော့ပဲ အောက်ကိုသာကြည့်ကာ ငိုက်စိုက် ငိုက်စိုက် ဆက်လျှောက်လာကြတာများ ပုံပြင်ထဲက ဝံပုလွေဆီမှ ထွက်ပြေးနေသော ဝက်ညီအကို သုံးကောင်အတိုင်း။

      " သားကြီး...မရောက်...မရောက်သေးဘူးလား... "

     တံခွန် အသံတွေပါတုန်နေသည်။

     ဘေးက မှန်ထဲက ပုံရိပ်သုံးခုမှာ စစ်သားတွေ စစ်ရေးပြသလို သူတို့ သွားရာအတိုင်း ညီညာစွာ ချီတက်ရွေ့လျားနေကြပြီး ခေါင်းကြီးတွေက တံခွန်တို့ဘက်လှည့်ကြည့်ကာ ပါးစပ်ပြဲပြဲကြီးတွေက အဖြဲသား ရယ်နေလျက် ရှိနေကြ၏။

     " fuck...fuck...ငါလိုး...သွားကြပါတော့ကွာ... "

     ထိုက်စံထွန်းက ငိုသံပါကြီးနှင့် တီးတိုးရေရွတ်လိုက်သည်။သုံးယောက်လုံး စိတ်ထဲတွင် အခန်းဆီ ပြန်လှည့်ပြေးချင်နေကြသော်လည်း ငကြောက်ဟု ပြန်အစခံရမှာကြောက်၍ ထွက်ပြေးမည့်အကြောင်းကို ဘယ်သူမှ အစမဖော်ကြ။

      ထို့ပြင် သရဲခြောက်ခံနေရမှန်း သုံးယောက်လုံး ကောင်းကောင်းကြီး သိနေကြသော်လည်း ပါးစပ်က ဘယ်သူမှ ထုတ်မပြောကြပေ။

      သရဲခြောက်ခံနေရမှန်း အဓိက သိသာစေသော အချက်မှာ အပြင်မှာ သုံးယောက်လုံး ရုပ်ဖျက်သည့်အနေနှင့် မျက်နှာပေါင်းတင်ကပ်ခွာတွေ ကပ်ထားကြသော်လည်း မှန်ထဲက ငနဲသားသုံးကောင်ကတော့ သူတို့ နဂိုမျက်ခွက်တွေအတိုင်းသာ။

သရဲဘုရင်ရဲ့ချစ်ဇနီးလေးသရဲခြောက်ခံနေရပြီWhere stories live. Discover now