အပိုင်း(8)-ပုံပြင်(1)လူပျိုဆောင်မှအငြှိုးဝိဉာဥ်{5}

809 127 17
                                    

Unicode

ပုံပြင် (၁) - လူပျိုဆောင်မှအငြှိုးဝိဉာဥ်

           လူကို ချောက်ကမ်းပါးကနေ တွန်းချလိုက်သလိုပင် မျက်လုံးများပါ ပြာဝေသွားပြီး တံခွန် အသံနက်ကြီးနှင့်အော်ဟစ်လိုက်သည်။သို့သော် ဘာသံမှထွက်မလာပေ။

       အနံ့ဆိုးများထွက်နေသော သွားရည်ပျစ်ပျစ်ကြီးတွေ တမြားမြားနှင့် လျှာအရှည်ကြီးက တံခွန့် ပါးပြင်ကိုမေးစေ့နားကနေ နားရွက်နားထိ လျက်လာ၏။

      တစ်ကိုယ်လုံး လှုပ်လို့လည်းမရ အသံလည်းထွက်မရပဲ ချွေးစေးတွေပြန်လာချိန်တွင် ပက်လက်လန်အနေအထားဖြစ်နေပြီဖြစ်သော တံခွန့်ဗိုက်ပေါ်ကို ထိုအရာကြီးက ခွထိုင်လာသည်။

      မဟုတ်သေးဘူး...

      သူ့...သူ့ပေါင်ကြားထဲ ဂါဝန်အောက်ကနေ လှုပ်စိ လှုပ်စိနဲ့ တိုးထွက်လာတာကြီးက...

      သိပ်မကြာခင်က မြင်တွေ့ထားရသော  င်းနှီးနေသည့် မုန်းတီးမှုအပြည့်ဖြင့် မျက်လုံးများ...

     ထိုကောင်မလေးက...မဟုတ်ဘူး ထိုအရာက...တံခွန်ဗိုက်ပေါ်တွင်ထိုင်ကာ ခေါင်းကို အပေါ်မော့၍ အသံနက်ကြီးဖြင့် ရယ်မောလိုက်၏။

      ထိုအရာ၏ ပေါင်ကြားထဲမှ ထွက်လာနေသော သွေးခဲတုံးလို ပုံပျက်ပန်းပျက် ကလေးငယ်က အရွယ်မတိုင်သေးခင်ထွက်နေသည့် ပါးစပ်ထဲမှ ချွန်မြသည့် သွားကြီးများကိုဖြဲကာ တံခွန့်ဗိုက်ပေါ်ကနေ ရင်ဘတ်ထိ တောက်လျှောက် တွားသွားလျက် တက်လာပြီး တံခွန့်လည်ပင်းနားကို နီးလာသည်။

       တံခွန် အသက်ရှုတွေ ကျပ်လာပြီ...မျက်လုံးထောင့်ကနေ မျက်ရည်တွေကျလာ၏။သူသေရတော့မှာလား...

      " မင်းတို့ကိုငါ သူ့နားမကပ်နဲ့လို့်​မပြောထားဘူးလား "

      ခုနကထက် ပိုမိုအေးစိမ့်နေသော ခံစားချက်ကြီးက ပတ်ဝန်းကျင်တခွင် ဟုပ်ကနဲ ပျံ့နှံ့လာသည်။ညအိပ်မီးရောင်နှင့် အခန်းထဲမှ ကုတင်များ စားပွဲများ ယုတ်စွအဆုံး ကိုယ့်ခြေထောက်ကိုယ်ပင် လှမ်းမမြင်နိုင်လောက်အောင် သိပ်သည်းလေးလံသော အမှောင်ထုကြီးက အရာအားလုံးကို ဝါးမျိုသွား၏။

သရဲဘုရင်ရဲ့ချစ်ဇနီးလေးသရဲခြောက်ခံနေရပြီWhere stories live. Discover now