အပိုင်း - ( 5 ) ပုံပြင်{1}လူပျိုဆောင်မှအငြှိုးဝိဉာဥ် (2)

865 125 8
                                    

Unicode

       ပုံပြင် ( ၁ ) - လူပျိုဆောင်မှ အငြိုးဝိဉာဥ်

        " Fuck... "

        တံခွန် တိတ်တဆိတ် ဆဲဆိုလိုက်သည်။ရင်ဘတ်က တဒိန်းဒိန်းခုန်နေကာ လူတစ်ကိုယ်လုံးကြောက်ရွံ့မှုကြောင့် လှုပ်မရ။

      ကောင်မလေးက....မဟုတ်သေး...သရဲမက တဖြည်းဖြည်း ရှေ့တိုးလာသည်။လှေကားကနေ ဆင်းလာတာဖြစ်သော်လည်း လူတွေလို ဆင်းလျှောက်လာတာမဟုတ်ပဲ တရွတ်တိုက်ကြီး ရွေ့လာတာဖြစ်၏။

      သရဲမက ရှည်လျားမည်းနက်သော လက်သည်းချွန်တွေရှိသည့် လက်ညှိုးကြီးကို တံခွန်တို့ဆီ ထိုးလာသည်။သူမပါးစပ်ကြီးကို ဖြဲကာ ပြုံးရယ်နေသော်လည်း မျက်လုံးထဲမှ သွေးမျက်ရည်တွေကျနေ၏။

     ဘာကြောင့်မှန်းမသိ တံခွန့်ရင်ထဲ တင်းကျပ်သွားသည်။သရဲမ မျက်လုံးတွေက... ဝမ်းနည်းနေသလိုပင်...

       " ရက်.... စက်..... တယ်..... "

       သွေးစီးကြောင်း မည်းမည်းကြီးက တံခွန်တို့ ခြေထောက်နှင့် ထိတော့မည်။သူက အသက်ရှိနေသလို လှုပ်စိလှုပ်စိဖြစ်နေ၏။

      တံခွန် အန်ထွက်တော့မည်။ရွံတာရယ်ကြောင့်မဟုတ်ပဲ ကြောက်လွန်း၍ အသက်ရှုမဝတာကြောင့် လည်ပင်းထဲက တင်းကျပ်လာတာဖြစ်သည်။

     ထိုစဥ် ရေခဲရိုက်ထားသလို အေးစက်နေသော လက်ကြီးတစ်ဖက်က တံခွန့် လက်ကို လာရောက် ရစ်ပတ် ဆုပ်ကိုင်လာ၏။

      ငါလိုး !

      တံခွန်လန့်သွားသော်လည်း ပါးစပ်က ထုတ်ဆဲခါနီးတွင် မနည်းဘရိတ်အုပ်လိုက်ရသည်။အကြောင်းမှာ တံခွန့်လာကို လာကိုင်သူသည် သရဲမဟုတ်ပဲ မော်ကွန်းစနေ ဖြစ်နေသောကြောင့်ပင်။

       မော်ကွန်းက တံခွန့်လက်ကို ဆွဲကာ သူ့နောက်ကို ပို့ပြီး ရှေ့ကနေ ပိတ်ရပ် ကာဆီး ထားလိုက်၏။တံခွန်ကြောင်သွားသည်။ဘာလဲဟ။ဒီလိုအချိန်မှာ လူစွမ်းကောင်းလုပ်တမ်း ကစားချင်နေတာလား။

     သူဘယ်လိုနေလဲမသိပေမယ့် တံခွန်ကတော့ မနေနိုင်တော့ပေ။

      မော်ကွန်းလက်ကိုဆွဲကာ အသက်ကို ဖက်နှင့်ထုပ်ပြီး အခန်းရှိရာဆီ အသားကုန်ပြေးတော့၏။

သရဲဘုရင်ရဲ့ချစ်ဇနီးလေးသရဲခြောက်ခံနေရပြီWhere stories live. Discover now