5

16.8K 1.4K 124
                                    

#Unicode

Taehyung ဆိုဖာပေါ်တွင် အကျအနထိုင်၍ အိမ်ကြီး၏အပြင်အဆင်ကို အကဲခတ်နေလိုက်သည် ။
နံရံမှာနေရာယူထားတဲ့ ပန်းချီကားတွေကလဲ တကယ့်ကို လက်ရာမြောက်လွန်းသည် ။
စောနက တွေ့ခဲ့တဲ့ ခွေးရဲ့ပုံတောင် ပါသေးသည် ။
ပုံတွေ ၊ ပန်းချီကားတွေ အမြောက်အမြား ချိတ်ဆွဲထားပေမယ့် Justin ဆိုတဲ့ လူရဲ့ ဓာတ်ပုံတော့ ပါမလာပေ ။

"သုံးဆောင်ပါအုံး သခင်လေး Taehyung "

Maid ကောင်မလေးတွေက အအေးနှင့်စားစရာများ လာချပေးသည် ။
အားလုံးက သူ့အကြိုက်တွေချည်းသာ....

"Jungkook... မင်းဘာလုပ်နေတာလဲ"

အခုမှရောက်လာတဲ့ Jungkook ကို Taehyung ဆီးကာဟောက်လိုက်သည်။

"အိမ်ကြီးကလှလို့ကြည့်နေတာ"

"ငါကမင်းကို အပျော်ခေါ်လာတာမဟုတ်ဘူးနော် ။ ဒီအိမ်က ငါသဘောမကျတဲ့အိမ်ဆိုတာ နည်းနည်းပါးပါး သတိထားစမ်းပါ"

အလိုမကျမှုကြောင့် Taehyung ၏ နှုတ်ခမ်းက လုံးချိတ်နေသည် ။

ထိုပုံစံလေးကိုကြည့်၍ Jungkook အသည်းယားကာ Taehyung ရဲ့ ပါးလေးကို ဆွဲဖဲ့လိုက်သည် ။

"ဘာလုပ်တာလဲ ! နာတယ်!"

ပါးကို အဖဲ့ခံရတာကြောင့် Taehyung စိတ်တိုကာ Jungkook ၏ လက်မောင်းကို လက်သီးဖြင့်ထိုးလိုက်သည် ။

"Tae က ချစ်စရာကောင်းလို့ပါ"

"ငါ့ကို အဲ့ဒီလိုမခေါ်ဖို့ ပြောထားတယ်လေ! ပြီးတော့ ငါက ချစ်စရာကောင်းတာမဟုတ်ဘဲ ချောတာနော် .. လုံးဝ ချစ်စရာမကောင်းဘူး"

ဆက်ဆက်ထိမခံတဲ့ Omega အစွာလေးက သူ့ကို Tae လို့ခေါ်တာမကြိုက်သလို ချစ်စရာကောင်းတယ်လို့ပြောတာကိုလဲ မကြိုက်ပေ ။

"ဟုတ်ပါပြီ Taehyung က ချောတာပါ "

ထိုသို့ပြောလိုက်မှ ကျေနပ်သွားသည် ။

"ဒါနဲ့ Justin ကရော .."

Jungkook မေးလိုက်တော့မှ Taehyung လဲ ဘေးဘက်ကို ဝေ့ဝဲကာ Justin ကို ရှာကြည့်နေမိသည် ။

"ဟုတ်သားပဲ ။ အဲ့ဒီ Alpha ကောင်က ငါ့ကိုတွေ့ချင်တယ်ဆိုပြီး အခုထိထွက်မလာဘူး"

More And More(Completed)Where stories live. Discover now