16🔞

17K 1.1K 65
                                    

#Unicode

"ငါမင်းကို မေးစရာရှိတယ် Jimin"

"မေးလေ Tae Tae"

"Your Husband  ဆိုတဲ့ Acc လေ .. အဲ့ဒီ Accကို မင်းသိလား "

Jimin ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။ Tae Tae မမေးတော့ဘူးဟု ထင်ထားပေမယ့် အခုလို မေးလာတော့လဲ ဘာဖြေလို့ဖြေရမှန်းပင်မသိပေ ။
အမှန်အတိုင်းပြောလိုက်ရင်လဲ ကျေးဇူးရှင်ကြီးက သူ့ကို ထုလိမ့်မည် ။

"ဘာဖြစ်လို့လဲ Tae Tae"

"သူကလဲ မင်းနဲ့အပြိုင် ငါ့ကိုစာတွေပို့ခဲ့တာ"

"သူ့ကို သဘောကျလားဟင်"

Jimin စကားကြောင့် Taehyung မျက်လုံးပြူးကာ Jimin ၏ ပါးစပ်ကို လက်ဖြင့် အလျင်အမြန် အုပ်လိုက်သည် ။

"မင်း ဘာတွေလျှောက်ပြောနေတာလဲ.. Jungkook ကြားသွားလိမ့်မယ်လေ"

ဘာမှမဟုတ်တာတောင် သဝန်တိုတတ်လွန်းတဲ့ Jungkook ကြောင့် Taehyung အနေအထိုင် ဆင်ခြင်ရသည် ။
ချစ်လို့ဖြစ်စေ ၊ မုန်းလို့ဖြစ်စေ အိမ်ထောင်တစ်ခုကို ထူထောင်ပြီးပြီမို့ ပြဿနာတွေမဖြစ်ချင်ပါပေ ။
Jeon Jungkook ဆိုတဲ့ Alpha က နာခံတတ်ပေမယ့် ပိုင်ဆိုင်လိုစိတ်ကလဲ အားပြင်းပါသည် ။

"ငါက ဒီအတိုင်း မေးကြည့်တာပါ .. ထားလိုက်တော့ "

Taehyung စကားလမ်းကြောင်းလွှဲဖို့သာ လုပ်လိုက်သည် ။ ဒီအကြောင်း ဆက်ပြောနေမယ်ဆိုရင် Jungkook စိတ်ဆိုးလိမ့်မည်။

"မင်းက မသိချင်တော့ဘူးလား ။ အဲ့ဒီ Acc ပိုင်ရှင်က အရမ်းချောနိုင်တာပဲလေ"

"မသိချင်ပါဘူး ။ ဘယ်လောက်ချောချော စိတ်မဝင်စားဘူး

Jimin ကြိတ်ပြုံးလေးပြုံးလိုက်မိပါသည်။ Tae Tae ကလဲ Jungkook ကို ချစ်နေတယ်ဆိုတာ မြင်သာပါသည်လေ ...
နှစ်ယောက်လုံးက ချစ်ရဲ့သားနဲ့ မပွင့်လင်းကြတာမျိုး ။

"Park Jimin .. ကြာနေပြီမို့လား .. အိမ်ပြန်တော့"

ဥစ္စာခြောက်ကြီးက အခန်းဝကနေ လက်ပိုက်ကြည့်ပြီး ဘုကြည့်ကြည့်နေသည် ။
Taehyung နှင့် ရှိနေတာကြာပြီမို့ နှင်ထုတ်နေတာဖြစ်ပါ၏ ။

"ဘာလို့လဲ .. ငါ Tae Tae နဲ့ စကားပြောနေတဲ့ဟာ"

"ငါနဲ့ ငါ့ယောက်ျား ကြည်နူးရမယ့်အချိန်တွေကို ဖဲ့မပေးနိုင်ဘူးလေ ။ မင်းလဲ အလုပ်ရှိတယ်မို့လား .. ပြန်တော့"

More And More(Completed)Where stories live. Discover now