22

14.8K 1.2K 229
                                    

#Unicode

"Hkk...ဒီပုံတွေလောက်နဲ့ ငါ့ယောက်ျားနဲ့အိပ်ထားပါတယ်ဆိုပြီး ငါ့ကိုယုံခိုင်းနေတာလား"

Liya Bae ပြတဲ့ပုံတွေကိုကြည့်၍ Taehyungဟားတိုက်ကာရယ်လိုက်သည် ။ Liya Baeကတော့ကြောင်နနဖြင့် Taehyung ကိုငေးစိုက်ကြည့်နေ၏ ။

"ဟုတ်တော့ဟုတ်လောက်မှာပါ ဒါပေမဲ့ ပုံတိုင်းမှာ ငါ့ယောက်ျားကဘာလို့ မျက်လုံးကြီးမှိတ်ပြီးအိပ်ပျော်နေတာလဲ ... မသိရင် မင်းက အတင်းအကျပ်အိပ်ခိုင်းထားသလိုပဲနော်"

"ရှင်.. ရှင်တရားလွန်နေပြီနော် Kim Taehyung !"

အရှိုက်ကိုထိသွားတာကြောင့် Liya Baeမှာ ဒေါသတွေ ရှူးရှူးရှားရှားထွက်သွားသည် ။
Liya Bae၏ ထိုပုံစံကိုကြည့်၍ Taehyung ကျေနပ်စွာပြုံးလိုက်သည် ။

"မင်းကငါ့ကိုသိနေပေမယ့် ငါကတော့မင်းကိုမသိဘူး ။ ဒီမှာ မိန်းကလေး ... ငါ့နာမည်ကိုတောင် မင်းသိနေသေးတာပဲ.. ငါ့အကြောင်းကိုရော မင်းသိအောင်မကြိုးစားထားဘူးလား ။ ပြီးတော့ အခုငါက Kim Taehyung မဟုတ်ဘဲ Jeon Taehyung ! "

"ရှင်အခု ကျွန်မကို သံသယဝင်နေတာလား.. ရှင့်ယောက်ျားက ကျွန်မနဲ့အိပ်ထားတယ်ဆိုတာကို နည်းနည်းလေးတောင် မယုံကြည်ဘူးပေါ့ ။ ဒီလိုကိစ္စမျိုးကို မိန်းကလေးဖြစ်တဲ့ကျွန်မက အရှက်မရှိဘဲ လျှောက်ပြောနေမယ်လို့ ထင်နေလို့လား!"

Taehyung မဲ့ပြုံးပြုံးလိုက်သည် ။ ထို့နောက် Liya Bae ၏ မျက်နှာကိုစေ့စေ့ကြည့်၍

"ငါ့ရှေ့မှာ ငါ့ယောက်ျားနဲ့အိပ်ခဲ့ပါတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွား ပြောဆိုနေကတည်းက မင်းက ဘယ်လိုမိန်းကလေးလဲဆိုတာငါကသိနေပြီးသား!... "

"ရှင်...ရှင်!!"

Liya Bae ဆွေ့ဆွေ့ခုန်နေတော့သည်။
Taehyung က လှောင်ပြုံးပြုံး၍ Liya Bae ကို တွန်းဖယ်ကာ မျက်စိရှေ့က အခန်းထဲကို ဝင်လာလိုက်သည် ။

ဘာမှသိပုံမရတဲ့ Jeon Jungkook က ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲ..
Taehyung အနားကိုသွား၍ အခြေအနေကို အကဲခတ်ကြည့်လိုက်သည် ။
အဝတ်အစားမကပ်တာကလွဲ၍ အရာအားလုံးက ပုံမှန်ပါပဲ ။

More And More(Completed)Where stories live. Discover now