17

13.7K 1.1K 84
                                    

#Unicode

Taehyung ရဲ့ ဗိုက်ကလေးက အတော်လေး ပူထွက်လာပြီး လကလဲ ရင့်နေပြီမို့ Jungkook  ပိုပြီး ဆင်ခြင်ဖြစ်သည် ။ Omega ရဲ့အနားမှာရှိနေတာက အန္တရာယ်များပြီး အချိန်မရွေး Rut ဝင်သွားနိုင်တာမို့ အရင်လို ပူးပူးကပ်ကပ်တော့မနေဖြစ်တော့ပေ ။ Alpha တို့ သဘာဝအရ ပိုင်ဆိုလိုစိတ် ပြင်းပြတတ်ကြပေမယ့် ကိုယ်ဝန်ဆောင်သည် Omega အပေါ်မှာတော့ ထိခိုက်အောင် မလုပ်တတ်ကြပါ။

//Tae.. အိပ်ရာက နိုးရင် ကိုယ်ပြင်ပေးထားတဲ့ မနက်စာကို စားလိုက်နော် ။ အကောင်းဆုံး ကြိုးစားထားတာမို့ အရသာရှိရှိစားပါ//

စားပွဲပေါ်က စာရွက်လေးကိုကြည့်၍ Taehyung ကြည်နူးမိပေမယ့် တစ်ဆက်တည်းမှာပဲ ဝမ်းနည်းရ၏ ။ Jungkook က သူ့ကို သိသိသာသာရှောင်နေတာမို့ သူ စိတ်မကောင်းဖြစ်ရသည် ။ ကလေးလေးကြောင့် ဆင်ခြင်နေတာ သိပေမယ့် Jungkook နဲ့ အတူမရှိရတော့လဲ ရင်ထဲမှာ ဟာတာတာပင် ။

"Jungkook ကို လွမ်းလိုက်တာ"

နှုတ်ကနေ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် မျက်ရည်အဝဲသားနှင့် အိပ်ရာကနေ ထလိုက်သည် ။မချစ်ဘူးဟု ဘယ်လောက်ပဲ တင်းခံထားပါစေ Alpha နှင့် ခွဲနေရသည့်အခါ သိသိသာသာ ခံစားရသည် ။
Alpha ရဲ့ ဂရုစိုက်မှုတွေနဲ့ နေသားကျခဲ့တာမို့ Alpha အနားမှာမရှိတဲ့အခါ နွေးထွေးမှုတွေက လစ်လပ်သွားခဲ့သည် ။

"အသေးလေးရေ မင်းမြန်မြန် အပြင်ရောက်ပါတော့လား .. မင်းရဲ့အဖေမရှိဘဲ နေရတာ ပါပါးအတွက် အရမ်းပင်ပန်းရတယ် "

ဗိုက်ကလေးကိုပွတ်၍ Taehyung ပြောနေမိသည် ။ သူတို့ရဲ့ သွေးသားလေးက သူတို့နှစ်ယောက်ကို စည်းခြားထားသလိုပဲ ။

"Tae Tae ရေ .. ငါလာတယ်"

Jimin အသံကြားတာမို့ စီးကျနေတဲ့ မျက်ရည်တွေကို အလျင်အမြန်သုတ်လိုက်သည် ။

"အခုထိ အခန်းထဲမှာပဲလား ။ ငါက မင်းကို မနက်စာစားနေပြီထင်တာ"

"ငါ သွားစားတော့မလို့ဘဲ ။ မင်းက ဘာကိစ္စရှိလို့ အစောကြီးရောက်လာတာလဲ"

Taehyung စကားကြောင့် Jimin က စူပုတ်လိုက်ပြီး

"မင်းရဲ့ ယောက်ျားကြောင့်ပေါ့ .. ငါ့ကို အစောကြီး ဖုန်းဆက်နှိုးပြီး မင်းကို သွားကြည့်ခိုင်းတာ ။ ပြီးတော့ မနက်စာစားရဲ့လားဆိုတာလဲ ကြည့်ခိုင်းခဲ့တယ် .. မင်းတစ်ခုခု လိုအပ်ရင်လဲ လုပ်ပေးလိုက်ပါတဲ့ "

More And More(Completed)Where stories live. Discover now