26

13.9K 1.1K 138
                                    

#Unicode

"မင်း ဒီကိုခဏခဏမလာနဲ့ Park Jimin..သူများအမြင်မှာ ပြောစရာဖြစ်နေတယ်"

Yoongi စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်မိသည် ။ ဘယ် Omegaကိုမှ အနားကပ်မခံတဲ့ တစ်မိုးအောက် Min Yoongi က Park Jimin နှင့် တရင်းတနှီးရှိနေသည်မို့ ထိုအရာက သတင်းဖြစ်လို့နေသည် ။ တော်ရုံတန်ရုံမဟုတ်တဲ့ သတင်းထောက် Min Yoongi ၏အကြောင်းကို အားလုံးက စိတ်ဝင်တစားရှိကြသည် ။ ထို့အပြင် Jiminက Yoongi ၏ ရုံးခန်းထဲကို တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာနေသည်မို့ ပိုပြီး ပြောစရာဖြစ်နေသည် ။

Jimin က သူ၏ခြေထောက်နှစ်ချောင်းကို Yoongi ၏အလုပ်စားပွဲပေါ်သို့ပစ်တင်လိုက်သည် ။ ထို့နောက် ထိုင်ခုံပေါ်ကိုမှီချ၍ အေးအေးလူလူပင် ပီကေဝါးနေသည် ။

"Park Jimin! ငါပြောတာကို အာရုံစိုက်နေလား"

"No...ခင်ဗျားစကားတွေက သောက်ရေးမှမပါတာ "

"ဘာပြောတယ် !"

မခန့်လေးစားနှင့် သူ့ကို မထီမဲ့မြင်ပြုနေတဲ့ Jimin ရဲ့ပုံစံကြောင့် Yoongi ဒေါသထွက်မိသည် ။ Park Jiminက တကယ့်ကို မလောက်လေးမလောက်စားလေးဖြစ်၏ ။

"ဟုတ်တယ်လေ.. သူများအမြင်ကို Park Jimin ဆိုတဲ့ကျုပ်က သောက်ဂရုစိုက်မယ်ထင်နေလို့လား "

"ဒါပေမဲ့ ငါတို့က ဘာမှမဆိုင်ဘူး"

Jimin က Yoongi ၏မျက်လုံးတွေကို စေ့စေ့ကြည့်ကာ

"ဆိုင်သွားအောင် တွဲကြမလား ။ ချစ်တယ် Min Yoongi ... သဘောကျတယ် Min Yoongi .... အရမ်းကြိုက်တယ် Min Yoongi ... အခုကစပြီးတစ်ရက်လို့ မှတ်ရတော့မလား"

Yoongi ၏ ရင်ထဲတွင် ဒိုင်းခနဲပင်ခုန်သွားရသည် ။
သို့သော်လည်း Omega တစ်ယောက်ကို ဘယ်တော့မှ သဘောမကျပါဘူးဟု ကြွေးကြော်ထားသည်မို့ ဟန်မပျက်အောင် ထိန်းကာ

"မတွဲဘူး .. လုံးဝပဲ"

"ဒါဆိုရင် တန်းပြီး လက်ထပ်ကြမလား ။ အခုပဲ ဖိတ်စာရိုက်လိုက်မယ်"

"Park Jimin!"

"ဘာလဲ Min Yoongi !"

တကယ့်ကို မခန့်တဲ့ Omega ပါပင် ။ စကားဆက်မပြောဖို့အတွက် သူ့နာမည်ကို ခေါ်လိုက်သည်ကို ချက်ချင်းပင် ပြန်ချေ၏။
တကယ့်ကို ပမာမခန့်တဲ့ဟာလေး ..
Omega ဆိုပေမယ့် နူးညံ့ သိမ်မွေ့မှု အလျင်းမရှိပေ ။ ဂျစ်ကန်ကန်နှင့် လူမိုက်ပုံစံဖြစ်နေသည် ။

More And More(Completed)Where stories live. Discover now