27🔞

18.9K 1.1K 152
                                    

#Unicode

"Justin...တို့လေ you ကို စကားနည်းနည်းလောက်ပြောလို့ရမလား"

Jungkook သက်ပြင်းချလိုက်မိသည် ။ ဒီမိန်းမက သူ့ကို ဘယ်အထိလိုက်ပြီး ဒုက္ခပေးဖို့ စဥ်းစားနေတာလဲ။ စိတ်ပျက်ဖို့ကောင်းလောက်အောင်တွယ်ကပ်နေသည် ။

"ပြောချင်တာတွေအကုန်ပြောခဲ့ ပြီးရင် ငါ့မျက်စိရှေ့ကို ဘယ်တော့မှပေါ်မလာနဲ့"

Jungkook ထိုမျှသာပြော၍ ဝိုင်ကိုသာ အေးအေးလူလူ ထိုင်သောက်နေလိုက်သည်။

"တို့ Justinကို တကယ်သဘောကျခဲ့တာပါ။ ပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ပဲ လျှောက်လုပ်ခဲ့မိလို့ အခုလိုတွေဖြစ်ကုန်တာပါ ။ အရာအားလုံးအတွက် တို့ တောင်းပန်ပါတယ် Justin"

"သဘောကျတယ်ဆိုတဲ့စကားကို မင်းပါးစပ်ကနေခဏခဏထုတ်ပြောမနေနဲ့ .. ငါက လူပျိုလူလွတ်မဟုတ်ဘူးဆိုတာကို မင်းသိရဲ့သားနဲ့ အခုလိုတွေလုပ်နေတာက ဘယ်လောက်တောင် အောက်တန်းကျလဲ သိလား ။ Taeသာမတားရင် ငါမင်းကို အဲ့ဒီနေ့ကတည်းက အသေသတ်ပစ်လိုက်မှာ!"

Jungkook လေသံခပ်ကြိတ်ကြိတ်ဖြင့်ပြောလိုက်သည် ။ အရှေ့မှာရှိနေတဲ့ မိန်းမကိုလဲ သူတစ်စစီစုတ်ဖြဲပစ်ချင်နေပြီဖြစ်၏ ။

"တို့မှားတယ်ဆိုတာ ဝန်ခံပါတယ် ။ ဒါပေမဲ့ အဲ့ဒီ အမှားတွေအားလုံးက ရှင့်ကို သဘောကျတဲ့စိတ်ကြောင့်ပဲ ဖြစ်ခဲ့တာပါ။ ဆက်ပြီး အမှားတွေ မကျူးလွန်မိအောင် တို့ကို အခွင့်အရေးလေးတစ်ခုလောက်တော့ပေးပါ Justin ရယ်"

Liya မျှော်လင့်ချက်အပြည့်ပါတဲ့မျက်ဝန်းတွေနှင့် Jungkook ကိုကြည့်ကာ တောင်းဆိုနေသည် ။ Jungkook ကတော့ တည်တည်ငြိမ်ငြိမ်ပင်ထိုင်နေပြီး သူမကိုလဲ အာရုံမစိုက်ပေ ။

"Justin...ရှင့်ကိုပိုင်ဆိုင်ခွင့်ရဖို့ တို့ဘာလုပ်ရမလဲ"

Liya Bae ၏ ထိုစကားကြောင့် Jungkook မဲ့ပြုံးပြုံးလိုက်သည် ။ ထို့နောက် Liya Bae ကို စေ့စေ့ကြည့်ကာ

"Jeon Jungkook ကိုပိုင်ဆိုင်ခွင့်ရဖို့ဆိုရင် အဓိကအချက်က Kim Taehyung ဖြစ်နေဖို့လိုတယ် "

Jungkook စကားက Liya ၏ အရှိုက်တည့်တည့်ကို ထိသွားစေသည် ။
ဆိုလိုသည်က Kim Taehyung မဟုတ်ရင် Justin Jeon ကို မပိုင်ဆိုင်နိုင်ဘူးပေါ့ ။

More And More(Completed)Where stories live. Discover now