7

14.7K 1.2K 64
                                    

#Unicode

"သခင်လေး Taehyung ဘာအလိုရှိလို့ပါလဲရှင့်"

Maid ကောင်မလေးမှာ ကြောက်ကြောက်လန့်လန့်နှင့် Taehyung အား စကားဆိုလိုက်သည် ။

"ငါ Justin Jeonနဲ့ တွေ့ချင်တယ် ။ သူဘယ်မှာလဲ"

Taehyung က Omega ဆိုပေမယ့် ပြတ်သားလွန်းတဲ့အသံနှင့် အရှိန်အဝါကြီးလွန်းတဲ့ ရုပ်ရည်ကြောင့် ခက်ထန်တဲ့ အရိပ်အငွေ့တွေ ထင်ဟပ်နေသည်။
ထိုအချင်းအရာကြောင့်ပင် Omega အချင်းချင်းကပင် Kim Taehyung ကို ဒူးတုန်အောင်ကြောက်ကြသည် ။

"သခင်လေး Jeon က အိမ်.. အိမ်မှာမရှိဘူး"

အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေနေတဲ့ ထိုကောင်မလေးကို Taehyung အချိန်ကုန်ခံ၍ ဆက်ပြီး မမေးချင်တော့ပေ ။
ထို့ကြောင့် ကောင်မလေးကို လျစ်လျူရှုခဲ့၍ အိမ်ထဲကို ဝင်လာခဲ့သည် ။
ထို့နောက် စားပွဲပေါ်က ကော်ဖီခွက်လေးကို ကောက်ကိုင်ပြီး ပြုံးလိုက်သည် ။

"ကော်ဖီကပူနေသေးတယ် .. ဒါကို Justin Jeon သောက်နေတာ မဟုတ်လား"

"မဟုတ်.. မဟုတ်ပါဘူး "

Maid ကောင်မလေးကလဲ ငြင်းမြဲငြင်းဆဲ..

"ဒါဆိုရင် ဒီအိမ်က အစေခံတစ်ယောက်က ဒီကော်ဖီကို ဒီနေရာမှာ ဇိမ်ကျကျထိုင်ပြီး သောက်နေခဲ့တာလား .. အဲ့ဒီ အတင့်ရဲတဲ့ အစေခံကရော ဘယ်မှာလဲ"

Taehyung ၏ မေးခွန်းကြောင့် ကောင်မလေးမှာ အကျပ်ရိုက်သွားပြီး ခေါင်းတောင်ပြန်မဖော်လာတော့ပေ ။
Taehyung က ဆိုဖာခုံထက်မှာ ခြေချိတ်၍ အကျအနဝင်ထိုင်လိုက်သည် ။
ထို့နောက် အိမ်ကြီးကို ဝေ့ဝိုက်ကြည့်ရင်း

"Justin က ရုပ်ဆိုးလို့လား ။ ဘာဖြစ်လို့ သူပုံတစ်ပုံလေးတောင် ဒီအိမ်မှာမရှိတာလဲ"

ဤအိမ်ကြီးမှာ မွေးထားတဲ့ ခွေးတစ်ကောင်ရဲ့ပုံကတောင် နံရံကြီးမှာ အကျအနနေရာယူထားနိုင်သေးသည် ။ ဘာဖြစ်လို့ Justin ရဲ့ ပုံကတော့ တစ်ပုံလေးတောင် မရှိရတာလဲ။

"ကျွန်မတို့ သခင်လေးက ရုပ်မဆိုးပါဘူး .. သူ့ရဲ့ ရုပ်ရည်က ပြိုင်ဘက်ကင်းတဲ့ ရုပ်ရည်မျိုးပါ"

ကောင်မလေးက လေသံတိုးတိုးလေးဖြင့် မရဲတရဲဆိုလေသည် ။
ဖြေသာဖြေနေရပေမယ့် စကားအမှားပါသွားမှာကိုလဲ သူမ ကြောက်နေမိသည်လေ။

More And More(Completed)Where stories live. Discover now