ဇာတ်သိမ်းပိုင်း

9.3K 374 5
                                    

"ကြယ်သီးက အကုန်မတပ်ဘဲနဲ့ မင်းရင်ဘတ်ကို တခြားသူတွေကိုပြချင်လို့လား "

မီးပွိုင့်မိနေတုန်း ကားရပ်ထားရပ်တွင် အန်တီကတစ်ဖက်ခုံမှ လှည့်လာပြီး သူ့
အပေါ်အင်္ကျီကြယ်သီးကို တပ်ပေးသည် ။ဟိုတစ်နေ့ကပြဿနာကတောက်ကစသေးသေးလေးဖြစ်တာကို ဒေါ်ပန်းလွန်းအိမ်က အဲ့လိုမထိတထိလေးတွေပြောလိုက်ရမှ ။

ကြယ်သီးက ရှပ်အသစ်ဆိုတော့တပ်ရခက်သည်ကြောင့် အလျှင်လိုကာ အပေါ်ကကြယ်သီးတစ်လုံးကိုဒီတိုင်းထားထားတာပါ ။အတင်းကြီးပေါ်နေတာမျိုးလည်းမဟုတ် ။ညှပ်ရိုးနားလောက်တင်ကို အန်တီဟာတိုလွန်းနေ၏ ။
သူ့ စိတ်ပျော်နေတော့ အန်တီ့ကိုစချင်တာကြောင့် မျက်ခုံးကိုပင့်ကာ..

"gymဆော့ထားတဲ့ သူ့ရင်ဘတ်ကိုတော့ ကြွားရမယ်မဟုတ်လား အန်တီရဲ့ "

အပေါ်ကြယ်သီးတစ်လုံးတပ်ပြီးတော့မှာကို အန်တီကရပ်လိုက်ကာ မော့ကြည့်လာသည် ။အရင်က ဒီလိုမော့ကြည့်ခံရရင် ရင်တွေတအားခုန်ရသည် ။အခုတော့ ရင်ခုန်ရုံတင်မဟုတ်တော့ ရင်ပါတုန်သည် ။

"ပြချင်တယ်ပေါ့.. ကဲဟယ်! ကဲ..အဲ့မှာပြထား "

တပ်ပြီးသားကြယ်သီးတင်မက နောက်ထပ်တစ်လုံးကိုပါထပ်ချွတ်လိုက်တော့ သူ့ရင်ဘတ်တွေတင်မဟုတ်တော့ အောက်ခံsport braပါပေါ်နေတော့သည် ။အန်တီကတော့ ကိုယ်ကိုပြန်လှည့်ကာ မျက်နှာတည်ထားရဲ့ ။

ပြန်တပ်ဖို့ပြင်သော်လည်း မီးစိမ်းသွားတာကြောင့် ကားမောင်းတာကိုအာရုံစိုက်ရသည် ။ညနေပိုင်း အန်တီစားချင်သည်ဆိုသည့် အသားလုံးပြုတ်ဆိုင်လိုက်ပို့ပေးခြင်းပါ ။ရန်ကုန်က ကားရှုပ်လှသည် ။သူ့တို့ သွားနေတာ mainလမ်းမဘက်ဆိုတော့ ကားပိုရှုပ်လှသည် ။

အင်္ကျီကအသစ်ဆိုတော့ ကြယ်သီးပေါက်ကမချောင်သေး ။လက်တစ်ဖက်ထဲနှင့်က လုံးဝတက်မရ ။အန်တီကလည်း စကားမစတော့သလို သူ့လည်း ပြီးမှပြန်ချော့မည်ဆိုကာ ကားမောင်းတာကို ဂရုစိုက်ရသည် ။

ဆိုင်ရဲ့ကားပါကင်ရောက်တော့ ခါးပတ်ချွတ်လိုက်ကာ..

"ရောက်ပြီး အန်တီဆင်း.. အွင့်

သူ့အန်တီDonde viven las historias. Descúbrelo ahora