အခန်း-၁

13.2K 450 5
                                    

"ဖယ် လွှတ်တို့ကို! "

လှေကားမှအပေါ်တက်ဖို့ပြင်နေသည့် အန်တီ့အား သူ့လက်တို့ကိုဆွဲလိုက်တော့ ခပ်စပ်စပ်ပြန်ဆောင့်ရုန်းကာ အပေါ်တက်သွားသည် ။သူ့နောက်မှအမှီလိုက်ရတော့ပါပြီ ။
အိမ်ဖော်မလေး လုံးလုံးက သူ့တို့နှစ်ယောက်အား လှေကားနားမှရပ်၍သာကြောင်ကြည့်နေရစ်သည် ။

အခန်းထဲဝင်ပြီး တံခါးအားပြန်ပိတ်ဖို့လုပ်နေသည့် အန်တီ့ကြောင့်သူ့အမြန်သွားကာ တံခါးအားလက်ဖြင့်တားရတော့သည် ။

"မင်း ဝင်မလာနဲ့သွား "

အားအကုန်သုံးကာ တံခါးပိတ်ဖို့ပြင်နေသည့် အမျိုးသမီးဟာ သူ့ရဲ့အားကိုတော့မယှဥ်သာ ။အခန်းတံခါးအား လော့ချလိုက်ပြီး နောက်ကျောပြင်ခပ်သွဲ့သွဲ့ကို တင်းနေအောင်ဖက်ပစ်၍ ပခုံးတန်းလေးပေါ်သို့မေးတင်တော့ ရုန်းသည် ။

"လွှတ် မဖက်နဲ့ "

"သူ့ ရှင်းပြမယ် အန်တီ ။သူ့ပြောတာကို အရင်နားထောင်ပေးပါအုံး "

အငြိမ်မနေ အားလည်းမမျှပါဘဲနှင့် သူ့လက်ထဲကရုန်းချင်နေသည့် အန်တီ့အား လက်တွေကိုပါချုပ်၍ရောဖက်ထားလိုက်သည် ။ဒါတောင် ကိုယ်ကိုဘယ်ညာလှည့်ရုန်း၍ သူ့အတင်းချုပ်ထားရတာ ။

"မသိဘူး! ။ဘာမှလည်း ရှင်းပြတာကိုမကြားချင်ဘူး ။မင်းကို လွှတ်လို့ပြောနေတယ်လေ "

"ခဏ အန်တီ ။ခဏ သူ့ပြောတာကို အား...

ထိန်းထားတဲ့လက်တွေကို ကုန်းကိုက်သည်ကြောင့် သူ့နာလွန်း၍ လက်ကအားတွေကပြေလျော့သွားရသည် ။ညာဘက်လက်ချောင်းဖြူသွယ်သွယ်မှာ သွားရာတွေနှင့် အားပါချက်ကသွေးပါစို့သွားသည် ။သူ့လက်က သွေးစတို့ကိုကြည့်ရင်း အန်တီမျက်နှာလွဲသွားသည် ။

အခန်းထဲက ထွက်သွားဖို့ပြင်နေတဲ့ အန်တီ့အား သူ့နောက်တစ်ဖန်ထပ်၍ ခါးတွေကိုဖက်ထားကာ ချုပ်ရပြန်သည် ။ပြဿနာက အခုမရှင်းလျှင်ပိုပို၍သာ ဆိုးမည် ။အန်တီ သူ့အားအကြာကြီးစိတ်ကောက်၍ မခေါ်မပြောဖြစ်နေမည့်ရက်တွေကို မကြာချင်ပါ ။

"တို့ကို လွှတ်လို့ဆို! "

"အန်တီ သူ့ကိုကြည့် ။သူ့ကိုကြည့် "

သူ့အန်တီHikayelerin yaşadığı yer. Şimdi keşfedin