အခန်းပို-၂

8.1K 340 23
                                    

"အ့ "

"ဘာဖြစ်တာလဲ အန်တီလွန်း ။ဓားခိုင်းမိတာလား ။အဲ့ဒါကြောင့် လုံးလုံးပဲချက်ပ့မယ်ပြောတာကို အန်တီလွန်းကနားမထောင်ဘူး "

လွန်းအား တပျစ်တောက်တောက်ပြောလာတဲ့ လုံးလုံးကြောင့်သဘောတကျပြုံးမိသည် ။ကြက်သွန်လှီးရင်း အတွေးများပြီးခိုက်မိတာပါ ။

"နည်းနည်းလေးပါ လုံးလုံးရဲ့ "

"နည်းနည်းလည်း မမလေးသာရှိရင် လုံးလုံးကိုအဆူခံရအုံးမယ် ။ဖယ်ပါနော် လုံးလုံးဘာသာချက်လိုက်တော့မယ် "

"အင်းအင်း "

လုံးလုံးအပြောကြောင့် လွန်းမျက်ရည်ပါဝေ့လာပြီထိုထမင်းချက်ခန်းထဲကထွက်လာလိုက်သည် ။သူအနားမှာမရှိတာ ၅ရက် ။ကျောင်းကလည်းပိတ်ထား ၊လွန်းအနားမှာသူကလည်းမရှိတော့ ပျင်းပျင်းနှင့်ဒီ၅ရက်မှာဟိုဟာစပ်စပ် ဒီဟာစပ်စပ်လုပ်နေမိတာပါ ။

လက်ညိုးက သွေးစကိုမြင်တော့လွန်ခဲ့တဲ့၅ရက်က ဘယ်ဘက်ခြေထောက်က ဒဏ်ရာကိုငုံ့ကြည့်မိသည် ။နည်းနည်းလေးတောင် အမာရွတ်ထင်မနေတော့ ။ပါးပေါ်ကျလာတဲ့မျက်ရည်စကိုသုတ်ပစ်ရင်း ထပ်ထပ်ငိုနေမိသည် ။

၅ရက်လုံးလွန်း သူ့အရိပ်အားမတွေ့ရတာ ။နှစ်ဖက်မိဘတွေအားလည်းသွားပြီးတော့ အပူမပေးချင် ။
ရုံးမှာပဲနေသည်ဟု စံစံဆီကသိရတော့ လွန်းမှာသက်ပြင်းချမိသည်ကအခါခါ ။ရုံးမှာစားတာသောက်တာက အဆင်မှပြေပ့မလား ။လွန်းကတော့ အိမ်တင်နေတာတောင် အဆင်မပြေဘူး ။အိမ်ထောင်သက်၂နှစ်အတွင်း ဒီတစ်ခါပြဿနာကအကြီးဆုံးပင် ။

လွန်းကမာနခံနေ၍ ပြန်လည်းမခေါ်မိ ။ဒါပေမဲ့ သူကတော့လွန်းနားပြန်လာသင့်သည်မလား ။ချစ်ပါတယ်ဆို ။

"ဟုတ်ကဲ့ ဒီပရောဂျက်က နိူင်ငံခြားသားတွေနဲ့ပြုလုပ်သွားမှာဖြစ်ပြီး နောက်နှစ်လနေရင်အကောင်အထည်ဖော်နိူင်အောင်လို့ ကျွန်မကြိုးစားနေပါတယ် "

TVအားဖွင့်ကြည့်တော့ တိုက်ဆိုင်စွာ သူ့၏အင်တာဗျူးလာနေသည် ။ချောင်ကျသွားသည့်မျက်နှာလေးက မိတ်ကပ်ဘယ်လောက်ဖုံးဖုံးလွန်းအတွက်တော့ သိသာနေသည် ။ညာဘက်လက်က ပတ်တီးဖြူဖြူကြောင့် ရင်ထဲအောင့်ခနဲ့ ။

သူ့အန်တီWhere stories live. Discover now