အခန်းပို- ၁

6.7K 300 24
                                    

ညစာစားပြီးတည်းက သူ့မနက်အစည်းအဝေးအတွက် စာရွက်စာတန်းတွေကိုသေချာလိုက်စစ်ရသည် ။မနက်ကျရင် အဆင့်သင့်ဖြစ်စေဖို့ ညတည်းကပြီးမှဖြစ်မည် ။

လက်တော့နှင့်အလုပ်လုပ်နေတုန်း သူ့ပေါင်ပေါ်အတင်းတိုးထိုင်ကာ တစောင်းအနေအထားနှင့်လည်တိုင်တွေကိုဖက်တွယ်လာသည့် အန်တီ ။

"ဘာဖြစ်လို့လဲဟင် အန်တီ "

ကျောပြင်အားလက်တစ်ဖက်ဖြင့်ဖက်ထားပေးရင်း လည်တိုင်လေးကြားတစ်ချက်နမ်းရှိုက်ကာမေးတော့ သူ့ရင်ခွင်ထဲကနေမော့ကြည့်၍ခေါင်းယမ်းပြသည် ။

"ဟင့်အင်း တို့ကိုအာရုံမစိုက်နဲ့ ။သူ့အလုပ်ကိုသာလုပ်ပါ "

လည်တိုင်ကြားထဲအတင်းတိုးဝင်ကာနှုတ်ခမ်းလွှာလေးတွေနှင့် ဖွဖွနမ်းသည့် အန်တီ  ။ထိုနှုတ်ခမ်းတွေက လည်ပင်း ညှပ်ရိုးနေရာတွေကိုလည်း တတိတိကိုက်လိုက် နှုတ်ခမ်းနှစ်လွှာတွင်း ဟပ်ယူလိုက်နှင့် ။

အန်တီ့ရဲ့ဒီအပြုအမူကို မြင်ရုံနှင့်ဘာဖြစ်နေတာလဲ သူသိတယ် ။ဒီလိုအချိန်တွေဆီ အနားကနေမခွာကပ်တက်သည့်အမျိုးသမီး ။သူ့အနားကို အရမ်းကပ်သည် ။

"သူ့ ရေနွေးအိပ်ကပ်ပေးရအုံးမလား? "

"ဟင့်အင်း "

ရင်ခွင်ထဲကနေ သူ့အင်္ကျီကော်လံစကိုကိုင်ကာ  ခေါင်းတွေခါယမ်း ဖြေသည် ။အန်တီဒီလိုမျိုးဖြစ်နေရင် သူ့အကြိုက်ဆုံးဘဲ ။လတိုင်းလတိုင်း ဒီအမျိုးသမီးကလူကိုကလေးလေးလို တွယ်ကပ်နေတက်တာ ဒီလိုရက်ပိုင်းလေးတွေမှာဘဲ ရှိတာ ။

တခြားရက်တွေရဲ့ လူကြီးဆန်တက်တဲ့ အန်တီ ။အရှက်ကြီးတက်တဲ့ အန်တီ့ကိုလည်း ချစ်သလို ။ပွတ်သီပွတ်သပ် အန်တီ့ကိုလည်း တမျိုးလေးအူတွေယားပြီး ချစ်သည် ။

"ဘာစားချင်တာ ရှိလဲဟင် ။တစ်ခုခုပေါ့ "

"တော်ပြီ  ။တို့ကို အာရုံမစိုက်ပါနဲ့လို့ဆိုနေ သူ့အလုပ်မပြီးသေးဘူးမဟုတ်လား? "

"အင်း ။ခဏစောင့်နော် သူ့အလုပ်တွေအပြီးသတ်လိုက်မယ် "

"ဟုတ် "

ကလေးလေးတွေလိုပြန်ဖြေနေတဲ့အန်တီ့အား အသည်းယားလွန်း၍လက်တစ်ဖက်ဖြင့်ကိုယ်လုံးလေးအားဖျစ်ညစ်ကာ အလုပ်မှာအာရုံစိုက်ရတော့သည် ။

သူ့အန်တီWhere stories live. Discover now