အခန်းပို-၃

9.4K 383 27
                                    

"သူ့ကို ကလေးလေးမွေးပေး "

ဖြစ်ပုံက ကျောင်းပိတ်ထားပေမဲ့ အစည်းအဝေးခေါ်သည်ကြောင့် ကျောင်းကိုလာကြိုရင်း သုံးနှစ်အရွယ်ကောင်လေးကိုသူ့အဖေကချီထားပြီ ငါးနှစ်အရွယ်ကောင်မလေးကိုအမေက လက်ဆွဲကာလမ်းလျှောက်နေကြသည့် မြင်ကွင်းကိုမြင်ခဲ့ခြင်း ။
အဲ့မြင်ကွင်းကို သူ့အကြာကြီးစိုက်ကြည့်နေခဲ့သည်လေ ။

ကားမောင်းနေတုန်းကလည်း လွန်းမေးမှပြန်သာဖြေပြီး စကားမပြောငြိမ်ကာ တစ်ခုခုစဥ်စားနေပုံက ဒီအကြောင်းထင်ပါရဲ့ ။ညနေခင်းရေချိုးပြီးတော့ ဝရံတာကdreambed၌ထိုင်၍ လွန်းအား ပေါင်ပေါ်မှာတင်ထားသည် ။

ခေါင်းတစ်လုံးပိုနေသည့်အနေအထားမှ ရင်ဘတ်ပေါ်မျက်နှာဖြင့် ပွတ်သပ်ကာတောင်းဆိုရဲ့ ။

"သူ့ စနေတာလား? "

"ဟင့်အင်း ။သူ့တကယ် အန်တီ့နဲ့သူ့ရဲ့ရင်သွေးလေးလိုချင်တာ "

မော့ကြည့်ကာ မျက်နှာတည်တည်နှင့်ပြောနေသည့်ပုံက တကယ့်ကိုလေးလေးနက်နက်ပင် ။
ဘာလို့မှန်းမသိ သူ့ရဲ့ထိုမျက်နှာကိုမြင်မှ ဝမ်းနည်းစိတ်တို့က တလှိုက်လှိုက်ဖြစ်လာတော့သည် ။

"ဒါပေမဲ့ အန်တီတို့က..

"သူ့သိတယ် ။အန်တီတွေးနေတာကို ။ဒါပေမဲ့ ဒီဘက်ခေတ်မှာ မဖြစ်နိူင်တာဆိုတာမရှိသလောက်ပဲလေ ။သူ့တို့ဘန်ကောက်သွားပြီး ကလေးယူကြရအောင်အန်တီ "

​သူ့ပါးတွေကိုအုပ်ကိုင်ကာ နဖူးပြင်ကို နှာခေါင်းထိပ်နှင့် ထိတွေ့ရသည် ။သူနှင့်တူသည့် ကလေးလေးကိုတွေးကြည့်ယုံနှင့်တင် ကြည်နူးလွန်းလို့ ။လွန်းတို့လည်း မိသားစုလေးရနိူင်ပါရဲ့ ။

"သူ့လိုချင်ရင် အန်တီကမွေးပေးမှာပေါ့ "

နှဖူးချင်းကပ်၍ မျက်လုံးမှ ရစ်သီလာတဲ့မျက်ရည်တွေကို မကျမိအောင် ထိန်းထားရသည် ။ဘာလို့မှန်းမသိ ရင်ထဲကပျော်ရွှင်မှုလှိုင်းဒဏ်ကြောင့်လား ။စိုးထိတ်မှုကြောင့်လား မသိ ။ဒီအချိန်မှာ ငိုချင်တာပဲသိတယ် ။

"သူ့မွေးပေးရမလား အန်တီ "

လွန်းအခြေအနေကိုသိပြီး အရွှန်းဖောက်တဲ့သူ့ကြောင့် ငိုချင်တဲ့စိတ်တွေပျောက်ကာ ပြုံးမိသည် ။
အမြဲတမ်းဦးဆောင်ချင်နေတဲ့သူကလေ ။

သူ့အန်တီWhere stories live. Discover now