part - 1 ~~ U

3.3K 116 4
                                    


တီ... တီ... တီ...တီ
တီ...တီ...တီ...တီ...

တိတ်ဆိတ်နေသောအခန်းဝယ်ကျယ်လောင်စွာထွက်ပေါ်လာသောနာရီမှမြည်သံကြောင့်
နွေး နားကိုပိတ်ကာ ကုတင်ထက်ထထိုင်မိသည် ။

မနက်တိုင်းစော''ထရသည်မှာ ​ နွေးလို
[japan]အထူးပြုကျူတာတယောက်အဖို့အထူးအဆန်းကိစ္စတခုတော့မဟုတ်၊

ကုတင်ထက်အတန်ကြာထိုင်နေပြီးနောက်
လုပ်နေကျထုံးစံအတိုင်း ခြေလှမ်းများမှာ
ရေချိုးခန်းဆီသို့... ၊

'အေးလိုက်တာ'

ရေချိုးခန်းမှထွက်လာပြီးနောက် အပြာနုရောင်ရှိသော မှန်တင်ခုံရှေ့ထိုင်ကာ အောက်ခံမိတ်ကပ်ကိုမျက်နှာထက်
.နည်းငယ်သာတင်လိုက်သည်တကယ်ကိုအနည်းငယ်သာ...၊

နွေးရနံ့ခြယ် , ဆိုသောသူမှာ လုံးဝန်းသောမျက်ဝန်းများ ဖြောင့်တန်းလျက်ရှိသော
နှာတံနှင့်.. အထူးခြားဆုံးမှာ နှင်းဆီပန်းလေးကဲ့သို့ ဖူးဖူးလေးဖြစ်နေသောသူ့နှုတ်ခမ်းများပင်... ၊ ဤသည်ကားသူ့အတွက်ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေသည် ...

ပြောရလျှင်နွေးသည် အင်မတန်ဆွဲဆောင်မှုရှိသောယောက်ကျားလေးတယောက်ဖြစ်သည်
ဖြူဥနေသောအသားရည်မှာလဲ ထိရက်စရာမရှိ.. ထို့ပြင်နှုတ်ခမ်းနီဆိုးစရာပင်မလိုပဲ နွေး၏နှုတ်ခမ်းများမှာပန်းနုရောင်သန်းနေသည် ၊ နွေး၏အလှမှာမိန်းကလေးများပင်ရှုံးလောက်သည် ဤသူမှာ ၂၆နှစ်အရွယ်ကျူတာတယောက်လို့ပြောရင်ဘယ်သူကယုံနိုင်မည်နည်း... ။

ထို့နောက် ပေါ့ပေါ့ပါးပါးအကျီတစ်စုံကိုသာထုတ်ဝတ်၍ မနက်စာစားရန်အောက်ထပ်သို့ဆင်းခဲ့လိုက်သည် ။

ထမင်းစားခန်းတွင် ဖေဖေကတော့မရှိ.. ကိုကိုနှင့် မေမေသာရှိသည်.. ၊နွေး ကိုကို့ဘေးကခုံတွင်ဝင်ထိုင်ကာကော်ဖီသောက်ရန်ပြင်လိုက်သည်.. ၊

''​ေနွးလေးဖေဖေကတော့ စောစောတည်းက
ကုမ္ပဏီသွားပြီ ''

မေမေကနွေးကကော်ဖီနှဲ့ပေးရင်းပြောလာသည်.......

ဘယ်လောက်ပဲကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်၍ ရင့်ကျက်တဲ့လူတယောက်ဖြစ်ပါစေ အိမ်မှာတော့အငယ်ဆုံးပေမို့ကလေးတယောက်လိုနွေးထွေးစွာဆက်ဆံခံရသည်.. ၊ မွေးစားသားတယောက်ဖြစ်ပေမဲ့လို့ပေါ့.. ၊ ပြီးတော့နွေးက ကိုယ့်ဖြစ်တည်မှုကို
လက်ခံပေးတဲ့ပတ်ဝန်းကျင်မှာရှင်သန်နေရတာကြောင့်အရာရာအဆင်ပြေသည်၊

'' ဆာ ကူ ရာ မြေ မှ အ ချစ် ဦး '' Where stories live. Discover now