Part-3~~U

659 68 6
                                    




တရွေ့ရွေ့နှင့် တိမ်များကြားထဲဝင်ရောက်သွားသော နေမင်းကြီးကို ဟန်မွန်းသွင် သူမ၏ညို့အားပြင်းသောမျက်လုံးများဖြင့်ကြည့်ကာ အတွေးထဲမှာတော့ဖြင့်တစ်စုံတစ်ဦးက်ိုလွမ်းဆွတ်နေမိသည် ....

Ōritsuဒီချိန်ဘာများလုပ်နေလေမလဲ...
မွန်းကိုများမေ့သွားပြီလား..အရမ်းလွမ်းတာပဲŌritsu ....၊ ဖုန်းဆက်တော့လဲမကိုင်ဘူး...

ကြည့်ပါအုံးŌritsuရယ် ပျောက်ကွယ်သွားတဲ့နေမင်းကြီးတောင်နောက်နေ့ကျပြန်ပေါ်လာတယ်လေ Ōritsu... ကတော့ ပြန်ပေါ်မလာခဲ့ဘူးရယ်..

မြင့်မားသောတိုက်ပေါ်မှ မြင်နေရသောကောင်းကင်ကြီးကိုကြည့်ကာသူမကတော့ဖြင့် လွမ်းမောလျက်... ။

သူမကတော့.. Tokyo မြို့ရဲ့နာမည်အကြီးဆုံးရေမွှေးbrand တစ်ခုရဲ့ဆက်ခံသူတစ်ဦးဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုရလျှင် ဟန်မွန်းသွင်ဆိုသောသူမသည်လှပ၍ထက်မြက်သောမိန်းမလှလေးတစ်ဦးသာ.....၊

စစ်သွေးတော်ဝင် ၏အဖေဦးစစ်သွေးထင်နှင့်လဲ ရင်းနှီးကျွမ်းဝင်၍ မိဘချင်းမှာလဲအင်မတန်ရင်းနှီးကြသူများပင် ..၊

ညို့အားပြင်းသော သူ၏ဆွဲဆောင်မှုများကြောင့် မိန်းကလေးများမှအစ ယောက်ကျားလေးများပါနှစ်သက်သဘောကျရသည်.. ၊
ချိုသာသောအပြုံးနှင့် အမြဲ​ကြည်လင်နေသောသူ၏မျက်နှာထားလေးကြောင့် သူသည် Tokyo မြို့တွင်စစ်သွေးတော်ဝင်နဲ့အပြိုင်ရေပန်းစားသည်၊..

ပြီးတော့.. စစ်သွေးတော်ဝင် နဲ့လဲပက်သက်ဆက်နွယ်မှုတွေရှိခဲ့သည်.. ၊ အရိုးရှင်းဆုံးပြောရရင်တော့ ​စစ်သွေးတော်ဝင်ရဲ့ရည်းစားဦးဖြစ်ခဲ့သူပေါ့ ၊ လမ်းခွဲလိုက်တာ ၃နှစ်နီးပါးရှိပြီဖြစ်ပေမဲ့ ဟန်မွန်းသွင်နှလုံးသားထဲမှာတော့ စစ်သွေးတော်ဝင် ဆိုသောလူသားမှာနေရာယူထားဆဲ....၊

သွယ်၍ရှည်လျားသောသူ၏ လက်ချောင်းရှည်များက စားပွဲပေါ်တွင်ရှိသော ဖုန်းဆီသို့
ထို့နောက် သူတမ်းတသောလူသားလေးနှင့်အဆက်အသွယ်ရနိုင်မည့်.. ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်သည်.. ၊

''ဟယ်လို အန်ကယ်''

''သမီး ဟန်မွန်းပြောလေ''

'' ဆာ ကူ ရာ မြေ မှ အ ချစ် ဦး '' Where stories live. Discover now