Part-8 U/Z

340 23 1
                                    


Uni.......

ထွဋ်ခေါင်ကျော်.. သူရဲ့မြတ်နိုးရသော
ကလေးငယ်ကို အဝေးကလှမ်းကြည့်လျက်
ငေးမောနေမိပြန်သည်၊..
ကလေးငယ်ကတော့သူ့ကိုမမြင်နိုင်ဘူးပေါ့
ကိုကို့က်ိုမမြင်ရတော့ပျော်ရွှင်နေတယ်မလား
ကလေးငယ်...ကိုကို ကလေးငယ်ရှေ့ကိုမလာတော့ဘူးနော် နမို့ဆို ကလေးငယ်လေးရဲ့ပြုံးပျော်နေတဲ့မျက်နှာလေးကပျောက်ကွယ်သွားအုံးမှာ...

အမှန်တော့ထွဋ်ခေါင်ကျော် မနေ့က စစ်သွေးတော်ဝင် ထိုးထားသည်မှာခုထိမသက်သာသေးပါ ၊ မျက်နှာမှာနီ၍ညိုနေတုန်းဖြစ်သည်

ကလေးငယ်ကိုတွေ့ချင်လွန်း၍သာလာခြင်းဖြစ်သည်၊...ရပါပြီ.. ဒီလောက်ဆိုဒီနေ့အဖို့လုံလောက်ပါပြီ...ကိုကိုပြန်ပြီနော်... ကိုကို့ကလေးလေး

ဘုတ်..

ထွဋ်ခေါင်ကျော် ပြန်လှည့်အထွက်..
သူ့နောက်မှာလာကပ်ရပ်နေသည်ဟုထင်ရသောလူနဲ့ဝင်တိုက်မိသည်၊...

ထိုသူမှာ ဖြူဖြူသန့်သန့်လေးပါ..
အရပ်မှာထွဋ်ခေါင်ကျော်ထက်ပုသော်လည်း
သူ့ဟာသူဆိုလျှင်အရမ်းပုတဲ့ထဲတော့မပါ
အသားမှာဖြူလွန်း၍ ပါးပြင်ပေါ်မှသွေးကြောလေးများကိုပင်မြင်နေရသည်၊

အဖြူရောင်ရှပ်အင်္ကျီလေးနှင့် အဖြူရောင်ဘောင်းဘီတိုလေးကိုတွဲဝတ်ထားသော
ထိုလူမှာ ထွဋ်ခေါင်ကျော် ကိုစိုက်ကြည့်လျက်

''ဟေး... မင်းဘာလို့ငါ့နောက်မှာလာရပ်နေတာလဲ''

''အကိုကရော အဲ့မှာဘာလုပ်နေတာလဲ''

''ငါ့ဟာငါဘာလုပ်လုပ်မင်းနဲ့ဆိုင်လား.. ငါ့ရှေ့ကဖယ်''

''မဖယ်ပါဘူး''

''ဟာ.. ''

''ဟီးဟီး.. အကိုကလဲ အဲ့လို ကြီးမကြည့်နဲ့လေ ကြာနွယ် ကအကို့ဖုန်းနံပါတ်လေးပဲလိုချင်တာပါ''

''မပေးနိုင်ဘူး''

''အကိုကလဲ... ပေးပါဆို''

''မပေးဘူးကွာ''

''....ရတယ်လေ.... အကိုမပေးရင် အကိုဒီမှာရပ်ကြည့်နေတယ်ဆိုတာ အကိုကြည့်နေတဲ့လူကိုသွားပြောမယ်''

'' ဆာ ကူ ရာ မြေ မှ အ ချစ် ဦး '' Where stories live. Discover now