Part - 4~~Z

250 13 4
                                    




နွေးရနံ့ခြယ် ရေချိုးခန်းထဲဝင်သွားသည်မှာအချိန်အတော်ပင်ကြာပြီဖြစ်သည်.. ၊ ခုထိပြန်ထွက်မလာသေးပေ ရေကျသံလည်းမကြားရတော့တာကြောင့် ရေချိုးနေတာတော့မဖြစ်နိုင် ဒါဖြင့် ရေချိုးခန်းထဲ ဒီလောက်ကြာသူဘာလုပ်နေတာများလဲ...၊

စစ်သွေးတော်ဝင် ကုတင်ပေါ်ထိုင်ကာနွေးကိုစောင့်နေရင်းမှ ပြန်ထွက်မလာသောကြောင့်
ထိုင်နေရာမှထကာ ရေချိုးခန်းဆီသို့သွားလိုက်သည် ၊ ထို့နောက်ရေချိုးခန်းတံခါးကိုအရှိန်ပြင်းပြင်းထုလိုက်သည်၊

ဒုန်း.. ဒုန်း... ဒုန်း...

''နွေးရနံ့ခြယ်.. ခင်ဗျား ထွက်လာတော့''

အထဲမှပြန်ဖြေသံမကြားရ တစ်ခုခုများဖြစ်နေလေသလားဟု စစ်သွေးတော်ဝင် စိတ်ပူသွားကာ ခုနကထက်ပိုပြင်းထုလိုက်သည်

ဒုန်း... ဒုန်း... ဒုန်း...ဒုန်း...

''နွေးရနံ့ခြယ် ကျုပ်ပြောတာကြားလား
ထွက်လာခဲ့တော့လို့... ခုထွက်မလာရင်
ခင်ဗျားမလွယ်ဘူးနော် ''

တကယ်တော့နွေးရေချိုးပြီးတာကြာပါပြီ
အင်္ကျီလဲဝတ်ပြီးပြီ, ဒါပေမဲ့သူပေးလိုက်တဲ့
ဘောင်းဘီမှာတိုလွန်းပြီး အင်္ကျီမှာရှည်နေသည် အင်္ကျီကနွေးပေါင်လောက်ရှိပြီးဘောင်းဘီမှာ အင်္ကျီနှင့်ဖုံးနေသောကြောင့်
နွေးရဲ့ ဖြူဝင်း၍သွယ်တန်းနေသောပေါင်တံလေးများကိုအထင်အရှားမြင်နေရသည်၊

အဲ့တာကြောင့်နွေးရှက်လို့မထွက်ရဲတာ ..

''ခင်ဗျားကိုထွက်လာလို့ပြောနေတယ်လေ
နွေးရနံ့ခြယ်! !''

အသံမှာပိုကျယ်လာ၍ ဒေါသ သံများပါနေတာကြောင့်.. နွေးတော့ခပ်လန့်လန့်ရယ်

ဟူး...

ဂျလောက်

စစ်သွေးတော်ဝင် တံခါးကိုနောက်တစ်ကြိမ်ထပ်ထုဖို့ပြင်လိုက်သော်လည်း.. ဒီတစ်ခါတော့တံခါးလေးမှာပွင့်လာခဲ့သည်.. ၊ သူမြင်လိုက်ရတာကတော့.. သူ့ရဲ့စတော်ဘယ်ရီလေး.. မျက်နှာလေးကအမြဲရဲနေတာပဲ..

သူစတော်ဘယ်ရီလေးကိုမြင်လိုက်တာနဲ့
မီးကိုရေနှင့်ငြှိမ်းလိုက်သလိုပင်.. ၊ သူ၏ရင်မှာလဲအေးမြသွားလျက်...၊

'' ဆာ ကူ ရာ မြေ မှ အ ချစ် ဦး '' Where stories live. Discover now