Part - 7~~U

420 29 0
                                    



မနက်စာ စားသည့်စားပွဲတွင် ဦးစစ်သွေးထင် နှင့်စစ်သွေးတော်ဝင်သာရှိသည်၊.. ဘေးမှာတော့အစေခံတွေ နဲ့ဝန်းရံလျက်ပေါ့.. ၊

မနက်စာစားနေသော သားဖြစ်သူကို ဦးစစ်သွေးထင် စကားစလိုက်သည်၊

''Ōritsu သားနွေးမနိုးသေးတာလား''

စစ်သွေးတော်ဝင် မနက်စာစားနေရင်းမှဒယ်ဒီ့စကားသံကြောင့် ဒယ်ဒီ့ကိုမော့ကြည့်လိုက်သည်၊

''အင်း... မနိုးသေးတာဖြစ်မယ်... မနေ့ကပင်ပန်းထားတာကို''

'' ဟိုကဖြင့် နုနုလေးကို.. မင်း ငြင်သာမှပေါ့''

''သူကမငြင်သာချင်အောင်လုပ်နေတာလေ
ပြီးတော့သူနဲ့ဆိုထိန်းလို့မရဘူး ''

''ဟား...ဟား''

စစ်သွေးတော်ဝင် စကားကြောင့်ဦးစစ်သွေးထင်ပါမက အနားရှိအစေခံများပါထရယ်လေတော့သည်၊ သို့သော်.. ခပ်တိုးတိုးရယ်သာ... ၊ အကျယ်ကြီးလဲမရယ်ရဲဘူးလေ

''မင်းကတော့.. ''

ဦးစစ်သွေးထင် ​ကရယ်ရင်းဆိုလာပြန်သည်၊
တကယ်မနိုင်ဘူးဆိုတဲ့ပုံစံ.. ၊ စစ်သွေးတော်ဝင် မှာအဖေဖြစ်သူကိုငယ်ငယ်ကတည်းက သူငယ်ချင်းလိုသာပေါင်းသောကြောင့် စကားပြောရင်လည်းအရာရာပွင့်ပွင့်လင်းလင်းရှိလှသည်၊

''ဟော်... ဟိုမှာ သားနွေးဆင်းလာပြီ''

ဒယ်ဒီ့စကားကြောင့်စစ်သွေးတော်ဝင် လှေကားမှတစ်ထစ်ချင်းဆင်းလာနေသော
နွေးကိုမော့ကြည့်လိုက်သည်၊

ထိုသူကတော့ စစ်သွေးတော်ဝင် ကိုကြည့်မနေပေ၊ အောက်သို့သာသေချာကြည့်ကာ
ဆင်းလာနေသည်၊ တဖြည်းဖြည်း စားပွဲနားရောက်လာပြီး စစ်သွေးတော်ဝင် ဘေးမှာမထိုင်ဘဲမျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လေသည်၊

စစ်သွေးတော်ဝင် သူ့ဘေးတွင်လာမထိုင်ဘဲ ရှေ့တည့်တည့်တွင်သွားထိုင်သော နွေးကြောင့်ဒေါသထွက်သွားကာ ပြောဖို့ပြင်လိုက်စဥ်
အရိပ်အကဲသိသောဦးစစ်သွေးထင်ကအရင်စကားစလိုက်လေသည်၊

''သားနွေးက ဒယ်ဒီတို့ကျောင်းမှာသင်တာမဟုတ်လား''

''ဗျာ.. ''

'' ဆာ ကူ ရာ မြေ မှ အ ချစ် ဦး '' Wo Geschichten leben. Entdecke jetzt