Part-12~~U

227 24 3
                                    





နွေးရှေ့မှအရာများကိုကြည့်ကာစိတ်ရှုပ်သွားမိသည်၊ အိမ်မှာလဲဘယ်သူမှမရှိပေ၊ ဟိုစစ်သွေးတော်ဝင်ဆိုသောကောင်မှာ ခုနကမှထွက်သွားတာဖြစ်သလို ဦးစစ်သွေးထင် မှာလဲ မနက်ကတည်းကကုမ္ပဏီသွားပြီဖြစ်သည်

နွေးဘေးမှာတော့ မတ်တပ်ရပ်နေသောဒေါ်ပိုးသာဆိုသောအဒေါ်ကြီးသာရှိသည်၊ ကျန်တဲ့အိမ်တွင်းအစေခံတွေအကုန်အလုပ်ဖြုတ်လိုက်ပြီတဲ့လေ ၊ ကြည့်ပါလားအဲ့ကောင်ဘယ်လောက်တောင်ရက်စက်လဲ ..

ခုလဲဒီလောက်ကျယ်တဲ့အိမ်ကြီးကိုကြမ်းတိုက်ရမယ်တဲ့လား..

''သခင်လေး စတိုက်လို့ရပါပြီရှင့်''

ပြောပြီးတာနဲ့ထွက်သွားတာကြောင့်နွေးမှာဘာမှမတက်သာ ၊ ကြမ်းတိုက်တံကိုသာဆွဲယူရပါတော့သည်၊

'လူယုတ်မာ.. ခွေးကောင်ကြီး.. '


''အဟွတ်.. အဟွတ် ''

ဆူပွတ်နေတဲ့ဟင်းအိုးအဖုံးကိုဖွင့်လိုက်တော့
အငွေ့များကတစ်ထောင်းထောင်းထွက်လာလေသည်၊

''ရေခမ်းအောင်စောင့်ရပါမယ်သခင်လေး ပြီးရင်ခဏခဏမွှေပေးပါ''

နွေးမီးဖိုချောင်ထဲရောက်နေတာ ၂နာရီခန့်ပင်ရှိပြီဖြစ်သည်၊ ဘေစင်ထဲမှာစုပုံနေတဲ့ပန်းပန်တွေကိုလဲဆေးရတယ် ၊ မချက်တက်တဲ့ဟင်းတွေလဲချက်နေရတယ် ၊ ဟင့်... ဒီကြားထဲကြမ်းလဲတိုက်ရသေးတယ် အဝတ်တွေလဲလျှော်ရတယ်၊ ခွေးကောင်ကြီးကအဝတ်ကိုလဲစက်နဲ့မလျှော်ခိုင်းဘူး လက်နဲ့လျှော်ခိုင်းတယ် တစ်အိမ်လုံးကိုလဲသန့်ရှင်းရေးတွေလုပ်ပေးရတယ် ၊

ဒီလိုနဲ့တစ်နေကုန်ပင်နွေးမှာတစ်အိမ်လုံးမှာရှိတဲ့အလုပ်တွေအကုန်လုပ်နေရသည်၊

အခုည ၈ရောက်မှပဲနားရတော့တယ် ၊
နားရမှပဲ ဒါတောင်ဦးစစ်သွေးထင်ပြန်ရောက်လို့နားခိုင်းလို့နားရတာ နမို့သာဆိုနွေးမှာမလွယ်ဘူး ၊

'' ဟွန့်... ငါ့ကိုကျတစ်နေကုန်အိမ်အလုပ်တွေလုပ်ခိုင်းပြီးသူကျအပြင်မှာဘာတွေတောင်လုပ်နေလို့ခုချိန်ထိပြန်မလာသေးတာလဲ''

တီ တီ..

ထိုချိန်အိမ်ရှေ့မှကားသံကြောင့်နွေးဝရံတာဆီထွက်ကြည့်မိသည်၊ သူပြန်လာတာစောင့်နေတာတော့မဟုတ်ပေမဲ့လို့ပေါ့.. ၊

'' ဆာ ကူ ရာ မြေ မှ အ ချစ် ဦး '' Tahanan ng mga kuwento. Tumuklas ngayon