Part-9U/Z

363 22 0
                                    


Uni

ဝူးးးး.....

ကားလမ်းမထက်ဝယ်ပုံမှန်ထက်အရှိန်ပြင်းစွာမောင်းနှင်နေပါသော... အနက်ရောင်ကားလေးတစ်စီး...
မောင်းနေသောစစ်သွေးတော်ဝင်မှာတော့ဖြင့်
ေဒါသများထွက်လျက် မျက်လုံးများနီရဲကာ
အံကြိတ်ထား၍မေးကြောများပင်ထောင်နေသည်၊

ဘေးမှာကြည့်နေရပါသောနွေးမှာတော့ဖြင့်ဘယ်အချိန်အသက်ထွက်မလဲပဲစောင့်နေရတယ်... ဟိုမိန်းမနဲ့ဘာတွေပြောပြီး ဘာတွေဖြစ်လာပြန်လဲ နွေးလဲမသိပါ.. ၊ ဟိုမိန်းမကဘာတွေများပြောလိုက်လို့သူဒီလောက်ဒေါသထွက်နေရတာလဲ.... ၊

သိပ်မကြာလိုက်ပါ အရှိန်ပြင်းစွာမောင်းနှင်နေသောကားလေးမှာဦးတည်ချက်ဖြစ်တဲ့ အိမ်လေးဆီရောက်ရှိလာခဲ့ပေပြီ၊

ခြံထဲတွင်ကားကိုထိုးရပ်ပြီးသည်နှင့် သူကကားပေါ်ကအမြန်ဆင်းကာ နွေးကားတံခါးကိုလာဖွင့်ပေးသည်၊

နွေးအပြင်ထွက်လိုက်တော့..

''နွေး.. အပေါ်ကိုသွားနေပေး ''

''ဟမ်...ဘာဖြစ်...''

''ပြောတာနားထောင်..! "

ဟမ်.. ငါလဲဘာမှမလုပ်ဘဲနဲ့သူကဘာကိစ္စအော်ရတာလဲ...

နွေးဆူပုတ်ပုတ်ဖြင့် အိမ်ထဲဝင်သွားတော့ ဧည့်ခန်းတွင် ဦးစစ်သွေးထင် ကိုတွေ့သည်၊

''သားနွေး... ပြန်လာပြီလား''

''ဟုတ်ကဲ့''

နွေး အန်ကယ့်ကို အတက်နိုင်ဆုံးပြုံးပြကာ
အပေါ်သို့အမြန်ပြေးတက်သွားလိုက်သည်၊

''ဒယ်ဒီ''

ဦးစစ်သွေးထင် သားဖြစ်သူခေါ်သံကြောင့်
လှည့်ကြည့်လိုက်ရာ အတော်စိတ်တိုနေပုံရသောသားဖြစ်သူကြောင့်လန့်သွားရသည်၊

''Ōritsu... ဘာဖြစ်တာလဲ..''

''နွေးကိုဒေါ်နှောင်းနုဆီကဝယ်ပေးပြီး သူ့ကိုပြန်မျှော်လင့်နေတာလား ''

''...Ōritsu ''

''ဒေါ်နှောင်းနုဆီက အကောင်းမြင်ခံရဖို့ သားအတွက်နွေးကိုယူပေးတာလား ဒယ်ဒီ''

'' ဆာ ကူ ရာ မြေ မှ အ ချစ် ဦး '' Where stories live. Discover now