Part - 2~~U

692 57 0
                                    

တရွေ့ရွေ့သွားနေသောကားလေးသည်အရှိန်ပြင်းထန်လျက် ။ မောင်းနေတဲ့သူကတော့အေးအေးဆေးဆေး ငြိမ်သက်စွာ..ထိုင်လိုက်ရတဲ့နွေးမှာတော့ဖြင့် ရင်တမမနှင့်ပင်၊ မာကျော၍တင်းမာနေသောသူ့မျက်နှာထားကြောင့်နွေးမှာပြောလဲမပြောရဲ..၊

သို့သော်ကားရဲ့အရှိန်မှာပိုပိုပြင်းထန်လာသောကြောင့် နွေးမှာအရဲစွန့်ပြီးပြောဖို့ကြံရတော့သည် ။

''ဟို.....အရှိန်လျော့ပါလား''

ထွက်လာသောအသံလေးမှာ တကယ်ကိုတိုးတိုးလေးသာ၊ သူမကြားလောက်ဘူးထင်ပေမဲ့ သူကတော့သေချာကြားလိုက်ပုံပင် ၊
ဆတ်ကနဲနွေးဘက်လှည့်လာသောကြောင့်
နွေးပင်လန့်ရသည်...၊ဘာကြောင့်လဲတော့မသိနွေးသူ့ကိုတကယ်ကြောက်ပါသည်၊

သူကနွေးကိုတချက်သာလှည့်ကြည့်ကာ
ရှေ့ဘက်ကိုပြန်လှည့်သွားသည်၊

''ဘာလို့လဲ''

''ဟမ်''

''ဟ.. ခင်ဗျားကိုဘာလို့အရှိန်လျော့ရမှာလဲလို့မေးနေတာ စောက်နားကမကြားတာလား''

ရုတ်တရက်ထအော်လိုက်တာကြောင့်နွေးကိုယ်လေးမှာတုန်တတ်​သွားလျက်.. ၊

''ဟို.. နွေး.. နွေး​ကြောက်လို့''

နွေးစကားကြောင့်တော်ဝင်၏မျက်ခုံးများမှာအလယ်သို့စုသွားသည်၊..

''ကြောက်တယ်... ကြောက်ရလောက်အောင်ပြင်းသေးလို့လား''

wtfဒါကမပြင်းသေးတာတဲ့လား ဘယ်လိုလူလဲ ..၊ ငါ့ကိုဘယ်လိုလူတွေနဲ့ပက်သက်စေချင်နေတာလဲ ကိုကိုတို့ရယ်... ၊

တွေးရင်း ကိုကို့အကြောင်းကခေါင်းထဲရောက်လာတာမို့....
နွေးမျက်ဝန်းလေးထဲဝယ်မျက်ရည်များရစ်ဝဲလျက်ရှိလေသည်၊

တော်ဝင် နွေးကိုကြည့်ကာ ခေါင်းခါ၍ ကားကိုအရှိန်လျော့ပေးလိုက်သည်၊ ဘာလို့ဒီလိုလုပ်မိလဲတော့ ကိုယ့်ကိုယ်ကိုမသိ..၊

ကားမှာတဖြည်းဖြည်း အရှိန်လျော့သွားသောကြောင့် နွေးလဲခုမှပဲနေရထိုင်ရအဆင်ပြေသွားတော့တယ် သူ့ကတော့တည်ငြိမ်စွာကားမောင်းလျက် တစ်လမ်းလုံးလဲနွေးကိုဘာမှမဆို ခုလဲဘယ်ကိုခေါ်သွားနေလဲမသိပါ။

'' ဆာ ကူ ရာ မြေ မှ အ ချစ် ဦး '' Where stories live. Discover now