LMLY (1)

1.9K 162 26
                                    

Unicode

တောင်ကိုးရီးယားနိုင်ငံ ၊
အင်ချွန်းလေဆိပ်ထဲမှာ  ခရီးဆောင်ဘီးတပ်အိတ်ဆွဲလာတယ့် သူမကို အလျင်နဲ့ ပြေးလာတယ့် သူငယ်ချင်းမ ကပြေးဖက်သည် ။
ပြေးဖက်တယ့် အရှိန်ကြောင့် ယိုင်လဲ
တော့မယ့် ခန္ဓာကိုယ်ကို Jennie မနည်းထိန်းလိုက်ရတယ် ။

Joohyun က နဂိုတည်းက
အားသန်သန်နဲ့ မိန်းမလှလေ ။

သူမဆီ ကော်လိုကပ်နေတယ့်
Joohyun ကို တွန်းလွှတ်လိုက်တော့
Joohyun ရဲ့ မျက်စောင်းက သူမဆီ
ဒိုင်းခနဲ ။ စိတ်ကောက်သွားပြီထင်တာမို့
Joohyun လက်ကိုလှမ်းတွဲချိတ်ပြီး

" မီးယားနဲ...နင့်ဗလကြောင့် ငါ့ကိုယ်လုံး
တစ်ခုလုံး ကြေသွားတော့မယ် ခံစားလိုက်ရလို့ "

သူမ ပြောတော့ Joohyun က
လက်မောင်းကို ဖြန်းခနဲ ရိုက်ပြီး

" ဗလနဲ့လို့မပြောစမ်းပါနဲ့ဟယ် ။ တခြားသူတွေကြားရင် ငါ့ကိုမိန်းမကြမ်းကြီးထင်နေအုံးမယ်...။ ပြီး‌တော့ ကိုယ့်သူငယ်ချင်းနဲ့
‌တွေ့ရလို့ ဝမ်းသာလို့ဖက်တာကို အရိုးကြေလည်းသည်းခံလေ "

" လုပ်ဖော်ကိုင်ဖက်‌ရောက်လာပြီ
ဆိုပြီး ဝမ်းသာတာလဲ ပါမှာပေါ့နော် "

Jennie ပြောတော့ Joohyun က
မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ပြီး ရယ်ပြတယ် ။ ပိတ်ထိုးပစ်ချင်စရာ...။
Seoul college က professor တယ့် ။ ယုံချင်စရာမရှိ ။

" ငါအပြင် ငါ့လို လှတယ့် ငယ်ငယ်ချောချော professorမရှိတော့ အထီးကျန်နေတာလေ ။ နင်ရောက်လာတော့ တော့သေးတာပေါ့..."

Joohyun ကို ကြည့်ရင်း မဲ့ရွဲ့ပြလိုက်တယ် ။
Joohyun က အဲ့လို သူ့အလှသူ
သိပ်ကို proud ဖြစ်တယ့် လူလေ ။

လေဆိပ်ထဲက ထွက်လာတော့
Joohyun က သူမ မရင်းနှီးတယ့် လမ်းကို ဦးတည်မောင်းလာတယ် ။ Korea ကို မရောက်ဖြစ်တာ 2 နှစ်လောက်ရှိပြီဆို
ပေမယ့် သွားနေကြလမ်းတွေတော့
သူမ မှတ်မိတာပေါ့ ။

" နင်တိုက်ခန်းပြောင်းလိုက်တာလား "

Jennie မေးခွန်းကို Joohyun က
ပြုံးစိစိမျက်နှာထားနဲ့

" ဟင့်အင်း...။ ငါ့ရည်းစားတိုက်ခန်းဆီ
သွားနေတာ ။ ပေးစရာလေးရှိလို့ "

Let me Love you Where stories live. Discover now