LMLY (5)

667 105 6
                                    

Unicode

ရုံးခန်းထဲထိုင်ရင်း
နောက်ထပ် ပွဲထုတ်မယ့်
အသေးစား Game တစ်ခု ကို
စမ်းဆော့နေတုန်း အတွင်းရေးမှူးဖြစ်သူက
စာရင်းစာအုပ်တွေနဲ့
Jisoo ရဲ့ ရှေ့ရောက်လာသည် ။

Jisoo မေးငေါ့ပြတော့ အတွင်းရေးမှူး
ဖြစ်သူက လက်ထဲက စာရင်းစာအုပ်
တွေကို စားပွဲပေါ်တင်ပေးပြီး

" ဒီလရဲ့ ငွေအဝင်အထွက်စာရင်း
တွေပါ CEO ရှင့်..."

" အင်း...မင်းပဲ စစ်ထားလိုက် "

အတွင်းရေးမှူးက သူ့စကားကို
ခေါင်းညိမ့်ပြ၍ စာရင်းစာအုပ်တွေ
ယူကာ အပြင်ပြန်ထွက်သွားသည် ။

Company ရဲ့ CEO ဆိုပေမယ့်
Jisoo က ငွေကြေးစီမံမှုအပိုင်းတွေကို
စိတ်မဝင်စားပါ။ သူစိတ်ဝင်စားတာ
Games တွေ ၊ Application တွေ
ဖန်တီးနေဖို့ပဲ ။

သူစိတ်ဝင်စားတယ့်အရာ
တွေကို လုပ်နေရတာဖြစ်လို့
နေ့မအိပ် ၊ ညမအိပ်ဘဲ အလုပ်လုပ်
ရရင်တောင် stress ပိတယ်လို့
မခံစားရခြင်းဖြစ်သည် ။

ဝါသနာနဲ့ထပ်တူညီတယ့်
အလုပ်ဖြစ်လို့ ဒီအလုပ်က
အချိန်ဘယ်လောက်ပဲ လုပ်လုပ်
သူ့အတွက် ကျေနပ်စရာ‌
ကောင်းသည်။

_

တနဂ်နွေနေ့က Seulgi ရဲ့
တစ်ခုတည်းသော ပိတ်ရက်ဖြစ်ပေမယ့်
သူ့အိမ်ကို သောင်လာတင်နေတယ့်
Kim Jisoo က သူ့ရဲ့
အားလပ်ရက်ကို ဖျက်စီးနေသည် ။
ဒါကြောင့်Seulgi တစ်ယောက်
စိတ်လေနေရသည် ။

အစက Joohyun ကို
ခေါ်ပြီး အိမ်မှာ Date
ရင်ကောင်းမလားတွေးထားခဲ့တာ
ဖြစ်သည် ။ ဒါကြောင့် မနေ့က
ရုံးဆင်းကတည်းက စားစရာမုန့်တွေ ၊
ဝိုင်တွေ ဝယ်ပြီး
ရေခဲသေတ္တာထဲ အဆင်သင့်
ထည့်ထားခဲ့သည် ။

ဒါပေမယ့်လည်း
မနက်မိုးလင်းကတည်းက
Laptop တစ်လုံးကိုင်ရင်း
အိမ်ရောက်လာပြီး
အခုတော့ ဧည့်ခန်းစားပွဲပေါ်
ဝိုင်တစ်ပုလင်းနဲ့ စားစရာ
အစုံချစားနေတယ့် Best friendကြီး
ကို Seulgi စိတ်ထဲက
မေတ္တာပို့သနေမိသည် ။

Jisoo က ထုံးစံအတိုင်း ဆိုဖာပေါ်
လှဲ၍ Laptop နှင့် အလုပ်လုပ်နေသည် ။
Seulgi ကတော့ စိတ်မပါစွာနှင့်
Tv မှလာသော ဇာတ်လမ်းတွဲတွေသာ
ကြည့်နေမိသည် ။

Let me Love you Where stories live. Discover now