LMLY (7)

807 102 22
                                    


Unicode

ပိတ်ရက်ဖြစ်တာကြောင့်
သူမ တစ်ပတ်စာအတွက်
အတွက် ဈေးဝယ်ထွက်ရသည် ။
ပုံမှန်ရက်တွေဆို ဈေးဝယ်ထွက်ဖို့
သူမ အချိန်မပေးနိုင် ။

မနက်ပိုင်းကစပြီး
ညနေပိုင်းအထိ College မှာ
နေနေရသည့်အပြင် ညပိုင်းကျရင်
လည်း Yujin ကို စာသွားပြ
ပေးရသည် မဟုတ်လား ။

မနေ့ကတည်းက အတူတူ
ဈေးဝယ်ထွက်ဖို့ပြင်ဆင်ထားတယ့်
Joohyun က မိုးလင်းကတည်းက
သူ့ရည်းစားနဲ့ပါသွားတာ
ဘယ်ကိုရောက်လို့ ရောက်မှန်းမသိပေ ။

ကုန်တိုက်ထဲပတ်ရင်း
Ice cream ဆိုင်တစ်ခုရှေ့ရောက်တော့
စိတ်ထဲက အလိုလို Jisoo ကို
တွေးမိသွားသည် ။ အစောက
Ice cream စားချင်တယ့်
ဆန္ဒမရှိပေမယ့်
ရုတ်တရက်ကြီး ဆန္ဒပေါ်လာမို့
သူမ တစ်ချက်ပြုံးမိရင်း
ဆိုင်ထဲဝင်လာခဲ့လိုက်သည်...။

ဒီနေ့က ရုံးပိတ်ရက်ဖြစ်တာကြောင့်
လားမသိ ။ ဆိုင်ထဲ ခုံလွတ်မရှိတော့
လောက်အောင် လူတွေပြည့်နေသည် ။
အများစုကတော့ ကလေးတွေပါတယ့်
မိသားစုတွေပေါ့။ 

ဒီတိုင်းပဲဝယ်သွားတော့မယ်လို့
တွေးရင်း မှာထားသည့် Ice creamကို
ရပ်စောင့်နေလိုက်သည်။

စောင့်နေရင်း ဆိုင်ထဲမျက်လုံး
ဝေ့မိရင်း ရေခဲမုန့်စားရင်း ပြုံးပျော်နေ
တယ့် ကလေးတွေ ကြည့်ရင်း
ပြုံးမိသွားသည် ။ 

ထိုသို့ဝေ့လည်ကြည့်နေရင်း
ထောင့်နားက စားပွဲတစ်ခုမှာ
သူမ အကြည့်တွေ အဆုံးသတ်သွားသည်။

Hoodie အနီရောင်ရင့်ရင့်
ဝတ်ထားပြီး ဦးထုပ်အဖြူရောင်
စောင်းပြီး ထိုင်နေတယ့် လူက
Jisoo ဆိုတာ Jennie တန်းသိ
လိုက်သည် ။

ပြီးတော့ Jisoo ရှေ့တွင်
မိန်းကလေးတစ်ဦးလည်းရှိနေသည် ။
Jisoo က ခေါင်းတငြိမ့်ငြိမ့်နဲ့နေပြီး
အရှေ့က မိန်းကလေးက
ရယ်မောကာ စကားပြောနေသည် ။

Jisoo က Ice creamဆိုင်ကို
အဲ့မိန်းကလေးနဲ့ ဘာလာလုပ်တာပါ
လိမ့် ။ Jisoo က သူငယ်ချင်းများ"စား
မရှိဘူးလို့တော့ သူမ ကြားဖူးတယ် ။

မဟုတ်မှ Blind date  များလား ။
ဟိုတစ်နေ့က Yujin က Jisoo ကို
တစ်ယောက်ယောက်နဲ့ Date စေချင်
တယ့်အကြောင်း Jennie ကို
ပြောပြဖူးသည် ။ ဒီအတိုင်း Blind date ပဲ
စီစဉ်ပေးလိုက်ရင် ကောင်းမလားဆိုပြီး
စစနောက်နောက် ပြောခဲ့လို့
သူမပါ ရယ်ခဲ့မိသေးသည် ။

Let me Love you Where stories live. Discover now