LMLY (2)

644 131 16
                                    


Unicode

စာပြပေးရမယ့် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူရဲ့အိမ်ကို သွားဖို့
Jennie ထွက်လာခဲ့သည် ။
College ရဲ့professor ကအထက်တန်း‌
နောက်ဆုံးနှစ် ကျောင်းသူကို
Guide လုပ်ပေးနေရတာက
နှစ်ယောက်မရှိသောသူငယ်ချင်းမ
Joohyun ရဲ့ ကျေးဇူးကြောင့်ပါပဲ ။

Personal အရမို့ မဖြစ်မနေ
လက်ခံပေးပါဆိုပြီး သူမကို
Joohyun က နားပူကပ်ထားသည်မှာ
Korea ကို မပြန်လာခင်တည်းက
ဖြစ်သည် ။ Joohyun ပေးတယ့်
ကျောင်းသူရဲ့ အဆင့်တွေကတော့
ကြည့်ရသလောက်
အတော်လေးကောင်းပါသည် ။

ပေးထားတယ့် အိမ်လိပ်စာရှေ့
ရောက်တော့ သူမကို Joohyun
ပေးထားတယ့် လိပ်စာကပ်ကို တစ်ချက်
ပြန်စစ်လိုက်မိတယ် ။ ပြီးတော့ မျက်စိ
ရှေ့က ခြံဝန်းနဲ့ အိမ်ကြီးကို
ပြန်ကြည့်မိသည် ။

ခေတ်ဆန်ဆန် ဆောက်ထားတယ့် အိမ်ကြီးက တကယ့်ကို မိုက်လွန်းတယ် ။ ပြီးတော့
ခြံဝန်းကလည်း အတော်ကျယ်မယ့်ပုံစံ ။

ဒီလိုချမ်းသာတယ့် မိသားစုကမွေးလာတော့
ကံကောင်းလိုက်တာလို့ တွေးမိသွား
သည် ။ Jennie ကလည်း ဆင်းရဲတယ့်
မိသားစုက မွေးဖွားလာတာ
မဟုတ်ပေမယ့် ကြီးကြီးတက်ချမ်းသာတယ့် မိသားစုက မွေးလာခဲ့လူလည်း
မဟုတ်ဘူး ။ မိဘတွေကတော့ Jejuမှာ
သစ်သီးခြံလုပ်ငန်း လုပ်ကြသည် ။

ခြံတံခါးက ဘဲလ်ကို နှိပ်ပြီး‌
စာလာသင်တယ့် Guide ဖြစ်တယ့်
အကြောင်းပြောပြတော့ ခြံတံခါးက
ပွင့်လာသည် ။ အဲ့ဒီအခါမှ Jennie
ခြံထဲဝင်လာတော့ အိမ်ရှေ့မှာ
ရပ်နေတယ့် ကောင်မလေးတစ်ယောက်ကို မြင်လိုက်သာ် ။

သူမ အမြင်မှားတာပဲဖြစ်ပါစေလို့
ဆုတောင်းကာလျှောက်လာရင်း အိမ်ရှေ့ရောက်လာ
တယ့်အခါ ထိုကောင်မလေးရဲ့
မျက်နှာကို ရှင်းရှင်းလင်းလင်း
မြင်လိုက်ရသည် ။

ဒါ မနေ့က သူမ မြင်လိုက်တယ့်
Joohyun ရည်းစားနဲ့တွေ့ခဲ့တယ့်
ကောင်မလေးမဟုတ်လား ။
သူ့ရည်းစားနဲ့ ‌ခြေရှုပ်နေတယ့်
ကောင်မလေးကိုမှစာသင်ပေးဖို့
တောင်းဆိုပေးမိတယ့်
Joohyun အဖြစ်ပါလား ။

မနေ့က ‌တွေ့ခဲ့တယ့် ကိစ္စကို
သူမ Joohyun ကို မပြောပြရသေးဘူး ။
Joohyun က ကိစ္စတစ်ခုရှိလို့ဆိုပြီး
မနေ့ညက တိုက်ခန်းကို ပြန်မလာဘူး ၊
မနက်ကလည်း ပြန်မလာဘူး ၊ အခုထိ
လည်း သူမနဲ့ မတွေ့ဖြစ်သေးဘူး ။
ဖုန်းထဲက ပြောလို့ကောင်းတယ့်
ကိစ္စလည်း မဟုတ်တော့
သူမ မပြောဖြစ်သေးပါဘူး ။

Let me Love you Where stories live. Discover now