LMLY ( 9 )

856 101 32
                                    

Unicode

ဒီအတောအတွင်း သူမနဲ့ Jisoo ရဲ့
ဆက်ဆံရေးက အများကြီးတိုးတက်လာတယ်လို့ပြောရမလား ။

ဘယ် အခြေအနေအထိ တိုးတက်လာတယ်
ဆိုတာ အတိအကျမရှိပေမယ့်
အရင်ကထက် သူတို့နှစ်ယောက်ရဲ့
ဆက်ဆံရေးက ပိုပြီးအဆင်ပြေလာတယ် ။

ပုံမှန်ပို့ဖြစ်တယ့် Good morning / Good night message တွေတင်မဟုတ်ဘဲ
အခုဆို သူတို့ ညတိုင်းအလိုလို
စာပို့ဖြစ်တယ် ။ တစ်ခါတစ်လေဆို
ဖုန်းပြောဖြစ်တယ် ။

ပြောဖြစ်တယ့် အကြောင်းအရာ
ရေရေရာရာတော့မရှိပါဘူး ။
သူ့အကြောင်းပြောကိုယ့်အကြောင်းပြောပေါ့ ။
ည 10 နာရီလောက်ဆို ဖုန်းဆက်လာပြီး
ညစာစားပြီးပြီလားခို့ စကားပုလ္လင်ခံတာက
Kim Jisoo ရဲ့ အလုပ်တစ်လုပ်လေ ။

ပြီးတော့ Yujin ကို စာပြပြီး
ပြန်တယ့်အခါတိုင်းလည်း Jisoo က
လိုက်ပို့ပေးတယ် ။ မေ့ချင်ယောင်ဆောင်
မိခဲ့တယ့် ကားကြောင့်ပေါ့ ။ ‌ဒါပေမယ့်လည်း
တစ်ရက်က Jisoo က သူမကို
ကားမယူလာတော့ဘဲ သူပဲလိုက်ပို့ပေး
ပါရစေလို့ ခွင့်တောင်းတာကြောင့် အဲ့နေ့က
စပြီး ကား မေ့ချင်ယောင်ဆောင်စရာ
မလိုတော့တာပေါ့ ။

College က ပြန်ရင် သူမရဲ့ကားနဲ့
ပြန်တယ် ။ ပြီးရင် တိုက်ခန်းမှာ ရေမိုးချိုးပြီး
Yujin ကို စာပြပေးဖို့ သွားချိန်ဆို
Joohyun နဲ့ ကားကြုံလိုက်တယ် ။
အပြန်ကျရင်တော့ Jisoo လိုက်ပို့ပေးတာပေါ့ ။

Yujin ပြောပြဖူးတယ် Jisooက
စကားနည်းပြီး တစ်ယောက်တည်း
Laptop တစ်လုံး Phone တစ်လုံးနဲ့
နေနေတာများတယ်တယ့် ။  ဒါပေမယ့်
သူမနဲ့ စကားပြောတော့ဖို့ Jisoo
တစ်ယောက် စကားရှာတတ်တယ် ။

Jisoo က
စကားပြောလေ့မရှိလို့ပဲလားမသိ ။
တစ်ခါတစ်လေ သူရဲ့  အဆက်အစပ်မရှိတယ့်
စကားတွေကြောင့် သူမမှာ ကြောင်တောင်တောင်
ဖြစ်ရပေါင်းမနည်းတော့ ။

တစ်ခါတစ်လေ Jennie နားမလည်တယ့်
သူ့ Company အကြောင်းတွေ Game program ဆွဲတယ့် အကြောင်းတွေ
ပြောပြနေတတ်သည် ။

နားမလည်ပေမယ့် သူက သူ့အလုပ်အကြောင်း
စိတ်ပါလက်ပါနဲ့ကို ပြောပြပေးတော့
Jennie နားထောင်ပေးရတာပေါ့ ။

You've reached the end of published parts.

⏰ Last updated: Oct 27, 2023 ⏰

Add this story to your Library to get notified about new parts!

Let me Love you Where stories live. Discover now