LMLY (3)

579 104 5
                                    

Unicode

Jennie ရဲ့ အတန်းချိန်ပြီးတော့
နေ့လည်စာစားချိန်ရောက်နေပြီ ။
စောနကတည်းက Joohyun
က ‌နေ့လည်စာစားဖို့အတွက်
သူစောင့်နေမယ့်စားသောက်ဆိုင်
လိပ်စာလှမ်းပို့
ထားတာမို့ သူမ အဲ့ကိုပဲ
ထွက်လာလိုက်သည် ။

တစ်ခါတည်းစောင့်ပြီး
အတူတူသွားလိုက်ရင် Jennie
ကားမောင်းစရာ လိုမှာ မဟုတ်ဘူး ။
အခုတော့...Joohyun စုတ် !

စားသောက်ဆိုင်ထဲရောက်လာတော့
Joohyun က ဘေးမှာ လူတစ်ယောက်
နှင့်အတူ ထိုင်နေသည် ။

မိုးမမြင်လေမမြင် ပြုံးပျော်နေတယ့်
သူမ သူငယ်ချင်းရဲ့ မျက်နှာကို
မြင်လိုက်ရတည်းက အဲ့တစ်ယောက်
Kang Seulgi ဆိုတယ့်
Joohyun ရည်းစားဖြစ်မယ်ဆိုတာ
Jennie သိလိုက်သည် ။

ရည်းစားနဲ့အတူတူသွားမှာမို့
Jennie ကိုတောင် မစောင့်တာကိုး ။
အတော်လေး အားကိုးရတယ့်
သူငယ်ချင်းဖြစ်သည်  ။

Jennieခုံမှာဝင်ထိုင်လိုက်တော့
Joohyun ကနေပြီး

" Jennie...ဒါက Seulgi တယ့် ။
ငါ့ချစ်သူလေ...။ Seul...ဒါက Jennie
တယ့် ငါ့သူငယ်ချင်း...။ ဟိုတစ်ခေါက်
Seul ကို ဝိုင်လာပို့ပေးတယ့်
တစ်ယောက်လေ မှတ်မိလား..."

Joohyun က မိတ်ဆက်မေးတော့
Seulgi ဆိုတယ့်သူက တစ်ခုခုကို
သတိရသွားဟန်နှင့်

"အာ...ဟိုတစ်ခေါက် Jisoo နဲ့
တွေ့သွားတယ့် ကောင်မလေးဆိုတာ
မှတ်လား...။ ဒီက Jennie ကို
သူ Delivery နဲ့မှားသွားတာလေ..."

Jennie ရှက်ရှက်နဲ့ပဲ
ခေါင်းညိမ့်ပြလိုက်သည် ။ Seulgi
ကတော့ ဟက်ခနဲ ရယ်ချပြီး

" အဲ့တုန်းက Jisooက အိမ်လာလည်
တာလေ ။ အဲ့တာ Jennie
လာပို့တော့ သူ့ဟာသူထွက်ယူလိုက်တာ ။
ပြီးတော့ အိပ်ချင်မူးတူးနဲ့
ပြောချင်တာတွေပြောလိုက်တာ...Jennie
ကို အားနာလိုက်တာ "

Seulgi က တောင်းပန်ရှာသည် ။
Jennie အသာ ခေါင်းခါလိုက်ကာ
ပြုံးပြရင်း

" မဟုတ်တာ...ရပါတယ် "

တကယ်တော့ အဲ့နေ့က
Jennie တော်တော်လေးတင်းသွားခဲ့တာ
ဖြစ်သည် ။
သူမကိုများ Delivery နဲ့
မှားရတယ်လို့လေ ။

Let me Love you Where stories live. Discover now