LMLY (4)

655 115 12
                                    

Unicode




Yujin ကို စာသင်ပြီးတော့
အချိန်က ၈ နာရီကျော်ပြီ ။ ထုံးစံ
အတိုင်း Yujin က သူမကို
အိမ်ရှေ့ထိ လိုက်ပို့ပေးသည် ။

ပုံမှန် အိမ်ရှေ့မှာ ရပ်‌ထားနေကြ
သူမရဲ့ကားမရှိတာကို
Yujin သတိထားမိသွားတယ်
ထင်သည် ။ သူမကို ကြည့်လာပြီး

" အစ်မ ကားမပါဘူးလား "

" အင်းဟုတ်တယ် ။ ညနေက
ကားဘီးပေါက်သွားလို့ သွားလို့ ပြင်ဆိုင်ထားခဲ့ရတာ "

" အဲ့ဆို ဘာနဲ့ပြန်မှာလဲဟင် "

" Taxi ခေါ်လိုက်မို့လေ "

သူမ ပြောတော့ Yujin က
ခဏစဉ်းစားဟန်ပြုပြီး ခေါင်းခါရင်းမှ

" မဖြစ်သေးဘူး အစ်မရဲ့ ။
မိုးချုပ်နေပြီ ဒီအချိန်တစ်ယောက်တည်း
Taxi စီးလို့ မကောင်းတော့ဘူး ။ ခဏလေးနော် လိုက်ပို့ပေးဖို့ ပြောပေးမယ် "

သူမ ပင်ဘာမှ
ပြန်မပြောလိုက်ရခင် Yujin က
အိမ်ထဲ ပြေးဝင်သွားသည် ။
ပြသာနာတော့ တက်တာပဲ ။ သူမကို
Kim Jisoo လိုက်ပို့ပေးရင်
ဘယ်လိုလုပ်မလဲ ။

Yujin ဧည့်ခန်းထဲ Laptop တစ်လုံးနဲ့
ထိုင်နေတယ့် Jisoo ရဲ့ ပုခုံးကို
ပုတ်လိုက်ပြီး

" Jiji...စာပြပေမယ့်အစ်မ ကားမပါလာ
လို့ အိမ်လိုက်ပို့ပေးလိုက်အုံး "

သူမ ပြောတော့ Jisoo က
မျက်မှောင်ကြုံ့ကာ ကြည့်လာပြီး

" ဘာလို့လဲ "

" ကားမပါလို့ပါဆိုနေ ။ Taxiနဲ့ပြန်သွား
ရင်မကောင်းဘူးလေ အဲ့တာမို့
ပြန်လိုက်ပို့လိုက်အုံးလို့ ။ မြန်မြန်သွား...
ခြံရှေ့မှာ ရပ်စောင့်နေရတာ! "

ပြောလည်းပြော လက်ကလည်း
Jisoo ကို အတင်းထူပြီး
ထခိုင်းလိုက်သည် ။ စားပွဲပေါ်က
ကားသော့ကို လက်ထဲထိုးထည့်
ပေးပြီး အိမ်ပြင်ထိ အနောက်ကနေ
တွန်းထုတ်ပေးလိုက်သည် ။

သူမကို မျက်စောင်းတထိုးထိုးနဲ့
ခြံထဲက ကားဆီ လျှောက်သွားတယ့်
Jisoo ကို အနောက်ကနေ
လှမ်းကြည့်ရင်းနေပြီး

" အကွက်ဆင်ပေးတာနော် !
ကျေးဇူးမမေ့နဲ့ ! မုန့်ဝယ်ခဲ့! "

ပြောပြီးတာနဲ့ Jisoo ဆီက
အအော်မခံရခင် အိမ်ထဲ
ပြေးဝင်လာခဲ့သည် ။

Let me Love you Όπου ζουν οι ιστορίες. Ανακάλυψε τώρα