1

1.8K 105 2
                                    

Just Being Friendly

​​နွေရာသီ​ကျောင်းပိတ်ရက်​ဖြစ်သည်မို့ စိတ်ကြိုက်အိပ်မယ်ကြံကာရှိ​သေး ​မေမေ့ရဲ့ " Fourth သား​ရေ " ဆို​သော အသံ​ကြောင့် ​စောင်​တွေကို​ကြောက်ကန်ကာ ကုတင်​ပေါ်မှထလိုက်ရသည်။

" သူများသားသမီးကို အ​စောကြီး​ခေါ်ထားပြီး
သူကျ အိပ်ရာထဲကမထဘူး "

ထမင်းစားပွဲဝိုင်း​ပေါ်မှာ ​​ပေါင်မုန့်ကြက်ဥ​ကြော်အချို့နှင့် နို့​အေး ၂ ခွက်ကအသင့်ချထားသည်။
နို့​အေး တစ်ခွက်ကို​ကောက်​သောက်လိုက်ပြီး

" ​မေ​မေကလဲ "

နိုးကတည်းက ​တောက်​လျှောက်အဆူခံ​နေရတာမို့
Fourth မျက်နှာကတ​ဖြေး​ဖြေး​မဲကျလာ​တော့သည်။တစ်ဆက်တည်းမှာပဲ အ​ရှေ့မှာထိုင်​နေတဲ့ တစ်ဦးတည်း​သော သူငယ်ချင်း​ဆီကို မျက်​​စောင်းတန်းထိုးပစ်လိုက်​သေး၏။

" တစ်ကယ်က သားကသာ​စော​စောလာလိုက်တာပါ "

" အမယ်​လေး ကာ​ပြော​ပေး​နေတာကြည့်စမ်းပါအုန်း
​နောက်ဆုံး​တော့ ​ဒီအ​မေကပဲမ​ကောင်းတဲ့လူဖြစ်​ရော "

ထမင်းစားခန်းထဲမှရီသံ​တွေက အ​ပေါ်ထပ်မှာရှိတဲ့ ​ဖေ​ဖေ့ဆီပါ​ရောက်သွားပြီး ​ဖေ​ဖေကပါ​အောက်ဆင်းလာ​တော့သည်။

" ရီသံ​တွေကြား​နေပါတယ်မှတ်တာ Gemini ရောက်​နေတာကို "

" မင်္ဂလာပါ ​​အ​ဖေ "

" ဘယ်သူက မင်းအ​ဖေလဲ "

​ပေါင်မုန့်ကိုကိုက်​နေရင်း လက်သီး​ထောင်ပြ​တော့
Gemini ကမနိုင်ပါဘူးဆိုတဲ့ပုံစံနဲ့ ​ခေါင်းခါရင်းပြုံးသည်။

" Fourth ကစာအတူလုပ်ဖို့​ခေါ်ထားတာလား "

Fourth ရဲ့အ​ဖေက မနက်စာစားဖို့စားပွဲမှာဝင်ထိုင်ရင်း Gemini ဘက်ကိုလှည့်ကာ​မေးလာ​တော့ သူဘာပြန်​ဖြေလို့​ဖြေရမှန်းမသိ​တော့​ပေ။

" အ​ဖေကြီးရယ် ​နွေရာသီ​ကျောင်းပိတ်ရက်မှာ ဘယ်က​လေးကစာလုပ်မှာလဲ ​အားကစားသင်တန်းဖြစ်ဖြစ် ဂိမ်းအတူ​ဆော့တာဖြစ်ဖြစ်လုပ်ကျတာ​လေ ရှင် ဘယ်​​ခေတ်မှာ​နေ​နေတာလဲ "

​ဖေ​ဖေနဲ့​မေမေရဲ့အ​သေးစားရန်ပွဲ​လေးကြားမှာ
ကြာကြာမ​နေနိုင်တဲ့ Fourth က မျက်နှာရိပ်မျက်နှာကဲပြကာ အပြင်ထွက်ဖို့​ပြောလာသည်။ အဲ့​​​​နောက်မှာ​တော့ နို့​အေးခွက်​လေးကို အမြန်​မော့​သောက်လိုက်ပြီး Fourth ​အနောက်ကို​ပြေးလိုက်ရ​တော့သည်။ သူက မိဘ​တွေကို​တောင်ဘာမှမ​ပြောပဲ ဒီအတိုင်းထထွက်လာတာကိုး။

Just Being FriendlyWhere stories live. Discover now