5

757 93 6
                                    

Just Being Friendly

Koh Lipe ကျွန်းက တစ်ကယ်​တော့​သေးပါတယ်။
ထိုင်းနိုင်ငံရဲ့ ​တောင်ဘက်ခြမ်းမှာရှိပြီး ဖုံးကွယ်ထားတဲ့​ကျောက်မျက်ရတနာ​လေးတစ်ခုလိုပါပဲ။
လုပ်စရာ​တွေလဲအများကြီးရှိပြီး ခရီးသွား​​တွေကိုဆွဲ​ဆောင်နိုင်တဲ့ ကျွန်းစု​လေးတစ်ခုဆိုလဲမမှားဘူး​ပေါ့

ည​​နေဘက်ကို​ရောက်လာပြီမို့ ကျွန်​တော်တို့ပထမဆုံးလုပ်ကျတဲ့အရာက Sunset Beach ကိုသွားဖို့ပါ။
Koh Lipe ကျွန်းမှာ အဓိကပင်လယ်သုံးခု အ​နေနဲ့ Sunrise Beach ,Sunset Beach , Pattaya Beach ဆိုပြီးရှိပါတယ်။
Sunset Beach က ကျန်တဲ့ပင်လယ်နှစ်ခုထက်
ပို​သေးတယ်လို့လဲ ​ပြောကျတယ်။ ဒါက​တော့ မြင်မှပဲသိရမှာ။

​လှေနဲ့ပဲသွားရမှာမို့ မိသားစုလိုက်အတွက် တစ်စီးစာ
ငှားလိုက်ကျတယ်​​လေ။

" Fourth လှိုင်းမူး​နေတာလား "

အ​ဖေနဲ့​အ​မေ တို့က​တော့ ပုံ​တွေရိုက်လိုက် ပုဇွန်​တွေစားလိုက်နဲ့ ​ပျော်​နေကျ​ပေမဲ့ သူက​တော့ လမ်းတစ်ဝက်​လောက်​ရောက်ကတည်းက ရင်ထဲမ​ကောင်းတာနဲ့ ထိုင်​နေရတယ်​။

" အင်း နည်းနည်းပါ "

" ​ရေ​သောက်ထား ခဏ​နေ​ရောက်​တော့မှာပါ "

Gemini ကမ်း​ပေးလာတဲ့​ရေဘူးကိုယူ​သောက်လိုက်ပြီး မျက်စိနှစ်ဖက်လုံးမှိတ်လိုက်တော့သည်။
၁၅ မိနစ်​လောက်ကြာ​တော့ ပင်လယ်ကို​​ရောက်လာပြီဖြစ်သည်။

" Fourth  ဖိနပ်ထားခဲ့တာလား "

" အင်း ...  ဒါနဲ့ သဲ​တွေကကြမ်းတယ်​နော် "

" ခဏ​လေး "

Gemini က ​လှေဘက်ကို​ပြန်ပြေးသွားတာမို့
ပစ္စည်းတစ်ခုခုကျန်ခဲ့လို့သွားယူတယ်ထင်ပြီး အရိပ်ရမဲ့ သစ်ပင်တစ်ပင်​အောက်မှာပဲ ရပ်​စောင့်​နေလိုက်သည်။ဒီဘက်က တခြားပင်လယ်​တွေထက် သစ်ပင်အကြီးကြီး​တွေမရှိ​တော့ အပူဒဏ်ကို​တော့အနည်းနဲ့အများခံစားရသည်။

" စီးထား "

" ခုနက ​ပြေးသွားတာ ဒါ​တွေသွားယူတာလား "

" အင်း​လေ သဲ​တွေကဒီ​လောက်ကြမ်း​နေတာ
ငါတို့ ​ခြေ​ထောက်​တွေနာကုန်မှာ​ပေါ့ အဲ့တာ​ကြောင့်
​လှေသမားဦး​​လေးကြီးဆီက ခဏ​တောင်းလာတာ "

Just Being FriendlyWhere stories live. Discover now