3

760 91 1
                                    

Just Being Friendly

လွန်ခဲ့​သော ၅ နာရီခန့်က

" Fourth က အဲ့ဒီ့လိုစိတ်နဲ့​ပြောတဲ့စကားမဟုတ်​လောက်ပါဘူး "

" ကျွန်​တော်သိပါတယ် ဒါ​ပေမဲ့စည်းမ​ကျော်နဲ့ ဆိုတဲ့စကားကြားလိုက်ရ​တော့ မခံစားနိုင်ဘူးဖြစ်သွားတယ် "

စာ​မေးပွဲ​ဖြေပြီး​ရင် Fourth ကိုသွားကြိုမလို့လုပ်ထား​ပေမဲ့ မနက်ကကိစ္စ​ကြောင့်သူ့ကိုစိတ်ဆိုး​နေမှာ
အ​သေအချာပဲမို့ မသွားဖြစ်​တော့ပဲ P'Third  ရှိတဲ့
Studio ကိုလာပြီးမနက်ကကိစ္စကို ​ဆွေး​နွေး​နေမိသည်။

" မင်းတို့က သူငယ်ချင်းအဆင့်ပဲရှိ​သေးတာ​လေကွာ
ဒီ​တော့ Fourth ဘက်ကကြည့်ရင်လဲမှန်တာပဲ​ မကြာခင် တက္ကသိုလ်​ကျောင်းသား​တွေဖြစ်​​တော့မှာ
သူများ​နောက်မပါသွားခင် ဖွင့်​ပြောကြည့်ပါလား "

" အငြင်းခံရပြီး သူငယ်ချင်းပါမဖြစ်​တော့ရင်​​ရော
ကျွန်​တော်ကသူ့အနားမှာပဲ​နေချင်တာ အဲ့လို​နေနိုင်တဲ့နည်းလမ်းကလဲ သူငယ်ချင်းဆိုတဲ့ဖြစ်တည်မှုတစ်ခုပဲရှိတယ် "

​ရှေ့လဲမတိုးနိုင်သလို ​နောက်ဆုတ်ဖို့ခက်​နေတဲ့ Gemini ရဲ့ပုံစံကိုမြင်ပြီး သူ့အရင်ကပုံရိပ်ကိုပြန်မြင်​ယောင်မိသွားသည်။

" သူ့အ​ပေါ်ထားတဲ့မင်းရဲ့အချစ်​တွေကသာ စစ်မှန်​နေရင် အဲ့တာကိုစိတ်ပူစရာမလိုပါဘူး "

P'Third က နှစ်သိပ့်သလိုသူ့ပခုံး​ကို ပွတ်သပ်​ပေးလာသည်။

" မင်းအချစ်​​လေးက တုံး​နေတာပါ ဒီ​လောက်အရိပ်အ​ယောင်​တွေပြ​ထားတာ​တောင် ကြိုက်​နေမှန်းမသိ​သေးဘူးဆို​တော့ "

ထမင်းစားခန်းထဲမှထွက်လာပြီး​ ​ကော်ဖီခွက်နှစ်ခွက်ယူလာတဲ့ P'Khai ကပါ ဝင်​ပြော​လာသည်။

" မင်းကိုယ်မင်း​ပြော​နေတာလား Khai "

" အိုဟိုး Third မင်းအဲ့လိုမျိုးမ​ပြောပါနဲ့
ငါ ရင်နာလို့ပါ "

သူငယ်ချင်းဆိုတဲ့စည်းကို​ကျော်ဖြတ်ဖို့ အခက်အခဲ​တွေအများကြီးကြုံ​တွေ့ခဲ့ရတဲ့ လူနှစ်​ယောက်မို့
Gemini အားကျ​သောမျက်ဝန်း​လေး​တွေဖြင့်သာ
​ငေးကြည့်​နေရတယ်။ သူနဲ့ Fourth လဲ
ဒီအစ်ကိုနှစ်​ယောက်လို Happy Ending ​မျိုးရနိုင်ပါ့မလား .....

Just Being FriendlyTempat cerita menjadi hidup. Temukan sekarang