9

814 86 11
                                    

Just Being Friendly

ပြတင်း​ပေါက်မှန်များကြားမှတစ်စွန်းတစ်စထွက်လာတဲ့ အလင်းတန်းများဟာ ကုတင်​ဖွေး​ဖွေး​ပေါ်က Fourth ဆီသို့ကျ​ရောက်လာသည်။

" shit ​ခေါင်းကိုက်လိုက်တာ "

ညက ​သောင်းကျန်းထားသမျှဟာအခုမှအစွမ်းပြလာသလို ​ခေါင်းတစ်ခုလုံးအုံ​နေတဲ့အပြင်ရင်ဘတ်ထဲမှာလဲ တစ်ခုခုကတစ်စို့ထားသလိုဖြစ်​နေ၏။

" ​ရော့ မင်းအတွက် "

" P'mark ? "

ပျားလိ​မ္မော်တစ်ခွက်ကိုင်ပြီးအခန်းထဲဝင်လာသူက
သူ​ထင်​နေတဲ့လူမဟုတ်တာမို့ Fourth ​ခေါင်းထဲဗလာဖြစ်သွားသည်။ဒါက Gemini ရဲ့အခန်း​လေ ..

" ​အေး ငါ ! ဘယ်နှယ့်ကွာ ​သောက်နိုင်တာလဲမဟုတ်ပဲနဲ့အရမ်း​​သောက်ပစ်ရလား "

" P' ကလဲ ကျွန်​တော်လဲအရွယ်​ရောက်​နေပါပြီ
ဒီလိုမျိုးက​တော့ တစ်ကြိမ်နှစ်ကြိမ်ရှိမှာ​ပေါ့ "

မနက်​စော​စောစီးစီး ​ခေါင်းမကြည်ရတဲ့ကြားထဲ
တရားလာပြ​နေတာမို့ Fourth မျက်နှာဟာမကြည်မလင်ဖြစ်လာ​တော့သည်။

" ​အေးပါ မင်းကသာအရွယ်​ရောက်တာဘာညာ​ပြော​နေတာ ညကငါတို့ဘယ်​လောက်ဒုက္ခ​ရောက်သွားရတယ်ထင်လဲ "

" မသိဘူးဗျာ မှတ်လဲမမှတ်မိဘူး အိမ်ပဲပြန်​တော့မယ် "

​စောင်​တွေကို ကန်ထုတ်ပြီးအိမ်ပြန်မယ်လုပ်​တော့
P' Mark ကလက်ကိုဆွဲပြီးတားသည်။

" Gemini ကမင်းရဲ့အင်္ကျီ​တွေသွားယူ​ပေးထားတယ် ဒီမှာအကုန်ပြင်ပြီးမှပြန် ငါလဲအဲ့ဘက်ဝင်စရာရှိ​သေးလို့ "

မနက်ကတည်းကမ​တွေ့ရ​သေးတဲ့လူက သူ့အတွက်အဝတ်အစား​တွေသွားယူ​ပေးထားတယ်ဆို​တော့
ဂရု​တော့စိုက်​သေးပုံပဲ။ အရင်ကဆို မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ " နိုးပြီလား " ဆိုပြီးတန်း​မေးတက်တဲ့လူက အခု​တော့အရိပ်​လေး​တောင်မမြင်ရ​သေးတာမို့
Fourth စိတ်ထဲ​နေရခက်​နေသည်။

" သူ​ရော "

အဝတ်အစား​တွေကိုယူပြီး ဘယ်သူမှမကြားနိုင်​လောက်တဲ့ အသံတိုးတိုး​လေးဖြင့်​မေးလိုက်မိသည်။
သူနဲ့ Gemini ရန်ဖြစ်ထားတာကို တခြားလူ​တွေမသိ​တောင် P'Mark က​တော့သိသည်​မဟုတ်လား။

Just Being FriendlyWhere stories live. Discover now