7

905 93 3
                                    


Just Being Friendly

ရက်​တွေ​ပြောင်းလို့ အချိန်ကြာလာသည့်တိုင်​အောင်
ကျွန်​တော့်ရဲ့မင်းသား​လေးက သူ့အ​ပေါ်မှာခံစားချက်ရှိ​​နေမှန်း မရိပ်မိ​သေးပါဘူး။ အထက်တန်း​ကျောင်းသားဘဝက​နေ တက္ကသိုလ် ဒုတိယနှစ်​ရောက်လာတဲ့အထိ အချိန်​တွေအများကြီးရှိခဲ့တာ ဖွင့်​မပြောဘူးလား လို့​မေးလာရင်သူ့မှာဖြေစရာမရှိ​တော့ပါ။ကြိုးစားခဲ့တာ​တွေက တ​ဖြေး​ဖြေးနဲ့အ​ရောင်မှိန်လာသလိုပါပဲ။

အဲ့တာ​တွေထက်ဆိုးတဲ့အဖြစ်က​တော့
Fourth ကဒီရက်ပိုင်း​တွေမှာအရင်နဲ့မတူပဲ​ပြောင်းလဲလာတာပါ။ စာဘက်ကိုလဲ အာရုံစိုက်တာမမြင်ရ​တော့သလို ဖုန်းတစ်လုံးနဲ့ အမြဲအချိန်ကုန်​နေတက်တယ်။ စိုးရိမ်စိတ်​ကြောင့် ​ပြောမိတဲ့အခါ​တွေဆိုရင်လဲ သူ့ကိုစကားပြန်မ​ပြောပဲ ​ရှောင်ထွက်သွားတက်တယ်။
အဖုအထစ်​တွေများလာမှာ ​ကြောက်မိတဲ့ သူ့အတွက်​တော့ ချစ်သူဖြစ်ရဖို့ထက် သူငယ်ချင်းဆက်ဆံ​ရေး​လေးကို​တောင် မ​ပျောက်ပျက်သွား​အောင်ဂရုစိုက်နေရပါတယ်။

" P'Mark ​​နေ့တိုင်း​ခေါက်ဆွဲစား​နေတာ မရိုး​သေးဘူးလား "

မနက်တစ်ကြိမ်၊ညတစ်ကြိမ် နဲ့အချိန်တိုက်ပြီးခေါက်ဆွဲ​တွေချည်းလှိမ့်စား​နေလို့ အစာအိမ်​ရောဂါဖြစ်လာမှာ​တောင် စိုးရိမ်​နေရပြီ။

" မင်းတစ်ကယ် ကြိုက်ရင်ဘယ်​တော့မှညည်း​ငွေ့သွားမှာမဟုတ်ဘူး "

" ​ခေါက်ဆွဲအ​ကြောင်း​ပြော​နေတာ ဟုတ်ပါတယ်​နော် "

အိတ်ထဲက​နေပန်းကန်ထဲလှယ်ထည့်ပြီး ​ခေါက်ဆွဲပန်းကန်ကို ပြုံးပြုံးကြီးကြည့်​နေလို့ ဘာမှထပ်မ​ပြော​တော့ပဲ လွယ်အိတ်ကိုယူကာ ​​ကျောင်းသွားဖို့သာပြင်လိုက်​တော့သည်။ P'Mark ကိုကြည့်ရတာ တစ်​ယောက်တည်း အချစ်​ပင်လယ်မှာနစ်မွန်း​နေတာဖြစ်မယ်။ 

" ဪ ​မေ့​တော့မလို့ ဒါ​လေး Fourth ကို​ပေး​ပေးပါအုန်း သူမှာထားတာ "

လက်ထဲထိုး​ပေးလာတာက အနီ​ရောင်​တွေကိုမှအနုအရင့်ခွဲထားတဲ့ နှုတ်ခမ်းနီ​တောင့်​တွေ။
၅ ​ချောင်း ၆ ​ချောင်း​လောက်​တော့ပါမယ်ထင်တယ်။ ထူးဆန်းတာက Fourth ကဘာလို့ နှုတ်ခမ်းနီ​​တွေကို P'Mark ဆီက မှာထားရတာလဲ ...

Just Being FriendlyWhere stories live. Discover now