2

941 105 6
                                    

Just Being Friendly

၁၂ တန်းစာ​မေးပွဲက မကြာခင်မှာပဲအ​နှေးနဲ့အမြန်ကျ​ရောက်လာ​တော့မှာမို့ တခြား​ကျောင်းသား​တွေနည်းတူ သူတို့လဲ အ​ပျော်အပါး​ဘက်ကို ​​လျှော့ပြီး စာဘက်ကိုအာရုံစိုက်​ချိန်​ရောက်လာသည်။

" Fourth ​နေ့လည်စာစားရ​အောင် "

သူအခု​ Gemini ရဲ့အိမ်မှာ​ရောက်​နေတာဖြစ်သည်။ အ​ကြောင်းပြချက်က​တော့ စာအတူ​ပြန်လုပ်ဖို့ပင်။ 

" ​​နေအုန်း  ဒီ တစ်ပုဒ်ပြီး​အောင်တွက်လိုက်အုန်းမယ် "

​မေးခွန်း​ဟောင်း​တွေထဲမှာပါနိုင်​ချေရှိတဲ့ သင်္ချာပုဒ်စာများကို တွက်​နေခြင်းသာ။ သင်္ချာပုဒ်စာ​တွေတွက်ရတာ ဝါသနာပါတာမို့ စာထဲပဲစိတ်နှစ်ထားတုန်း
​လေ​ပေါ်​မြောက်သွားတဲ့ ခန္ဓာကိုယ်​ကြောင့်
လန့်ပြီး လက်ထဲမှ​ခဲတံ ​တောင်လွတ်ကျသွား၏။

" ​ဟေး ဘာလုပ်တာလဲ "

" နာရီကိုလဲကြည့်အုန်း စာ​မေးပွဲကဘဝကြီးမဟုတ်ဘူး အစားကိုပုံမှန်စားရမယ်​လေ "

သူ့ကို​ပွေ့ချီထားလျက်နှင့် တိုင်ကပ်နာရီကို ​မေး​ငေါ့ပြ​တော့ ၁၂ နာရီ​ကျော်​နေပြီဖြစ်သည်။
သူ့ဘက်ကလွန်တာသိ​ပေမဲ့ ​ချီစရာ​တော့မလိုဘူးထင်တာပဲ။

" ​အေးပါ သိပါတယ် အခုပြန်ချ​ပေး​တော့ "

ဆိုဖာ​ပေါ်ပစ်ချမယ်မှန်းသိတာမို့ Gemini သူ့ကို
လွှတ်လုဆဲဆဲမှာ လည်ပင်းကိုရုတ်တရက်လှမ်းဆွဲပစ်လိုက်တယ်​လေ။ ဒါမှ ခန္ဓာကိုယ်ကိုချုပ်ပြီး ကလိထိုးလို့ရမှာ။

" ဘုန်း ! "

ဒါ​ပေမဲ့ သူထင်တာမှားသွားခဲ့တယ် ။
စိတ်ကူးထဲကအတိုင်း Gemini က သူ့အ​ပေါ်​တော့ပြုတ်ကျလာပါရဲ့။ ချုပ်ထားတဲ့လူက သူမဟုတ်တာ​လေးတစ်ခုပါပဲ။

အခုဆို Gemini ရဲ့လက်တစ်ဖက်က သူ့ခါးကို​​ထွေး​ပွေ့ထားသလိုဖြစ်​နေပြီး သူ့လက်နှစ်ဖက်လုံးက​တော့
Gemini ရဲ့ လည်ပင်း​ပေါ်မှာ နွယ်ပင်​တွေလိုရစ်ပက်ထား​သလိုဖြစ်​နေသည်။

" Gem ငါ ... " 

​စမိတာ ​တောင်းပန်တယ် လို့​​တောင်​ပြောမထွက်နိုင်ဘဲ မျက်နှာနားပိုကပ်လာတဲ့ Gemini ​ကြောင့်
အသက်​တောင်​အောင့်မိလိုက်လားမသိ။

Just Being FriendlyTempat cerita menjadi hidup. Temukan sekarang