12

468 42 3
                                    

Just Being Friendly

Fourth ဟာတစ်ဖက်သားရဲ့စိတ်ခံစားချက်​တွေကို စ​နောက်ရတာမျိုးနှစ်သက်တဲ့လူမဟုတ်​ပေမဲ့ဒီရက်​တွေထဲမှာ​တော့ လူတစ်​ယောက်ရဲ့စိတ်ကိုကစားရတာနှစ်သက်​နေ​သည်။

" Fourth မနက်ဖြန် festival သွားရ​အောင်ဆိုကွာ မင်းမလိုက်ရင် major ကတခြား​ကောင်မ​လေး​တွေနဲ့သွားရမှာကွ "

" သွား​ပေါ့ ငါနဲ့ဘာဆိုင်တာမှတ်လို့ "

Fourth တစ်​ယောက်မျက်ခုံး​လေးကျုံ့သွား​ပေမဲ့
ဘာမှမဖြစ်ဟန်​ဆောင်ပြီး တီဗီဂိမ်းကိုဆက်​​ဆော့​နေလိုက်တယ်။သူ အခု​ရောက်​နေတာ Gemini ရဲ့တိုက်ခန်းထဲမှာ။တရားဝင်လိုက်​​​တော့မှာဖြစ်ကြောင်း
​ဖွင့်​ပြောပြီးတဲ့အချိန်ကစလို့ Gemini ဟာအရင်ကထက်သူ့အ​ပေါ်အ​ပြောအဆို​တွေပို၍ရဲတင်းလာ၏။

" ဒါဖြင့် မင်းကိုယ်နဲ့မလိုက်​ပေးဘူး​ပေါ့ "

" ​Gem ဖယ်ကွာငါမမြင်ရ​​​တော့ဘူး "

Fourth ​အ​ရှေ့က​နေကွယ်ကာတီဗီကိုကြည့်မရ​အောင်လိုက်​နှောက်ယှက်​နေတာမို့ ခဏ​လေးချင်းမှာပင်ရန်ဖြစ်ကျဖို့အစီအစဥ်​ပေါ်​ပေါက်လာ​တော့သည်။

" ငါ နားရက်​လေး​အေး​ဆေး​ဂိမ်း​ဆော့ချင်လို့ပါဆို "

" မင်းက ကိုယ့်ကိုမှအာရုံမရိုက်တာ "

တစ်ကိုယ် ထဲ ကိုယ်​နေတဲ့ Gemini ကို Fourth
ဘာမှပြန်မ​ပြော​တော့ပဲမီးဖို​ချောင်ထဲဝင်သွားလိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီ့ပွဲကိုသူလိုက်သွားမှာဆို​ပေမဲ့နည်းနည်း​လေး​တော့စိတ်ညစ်​အောင်လုပ်ချင်​သေး၏။ကဲ မင်းဘယ်လို​တွေချွဲပြအုန်းမလဲကြည့်ရ​သေးတာ​ပေါ့ ...

" Fourth မင်း​ပြောထားတဲ့စကား​ကို​မေ့သွားပြီလား
မင်း​ပြော​တော့ ငါမင်းကိုလိုက်​နေတဲ့အချိန်အတွင်းငါ့ဘက်ကမင်းကိုလွတ်လွတ်လပ်လပ်လိုက်ခွင့်ရှိပါတယ်ဆို အခုငါမင်းကို Date ဖို့​တောင်းဆို​နေတာ​တောင်မဟုတ်​သေးဘူး ​ကျောင်းကသူငယ်ချင်း​တွေနဲ့အတူပွဲသွားကြည့်ဖို့အ​ဖော်​ခေါ်ရုံ​လေးပဲကို "

မျက်နှာ​လေးကဇီးရွက်သာသာနဲ့အ​နောက်က​နေ မနားတမ်းလိုက်​ပြော​နေ​သော Gemini ကိုသနားလာမိတာ​ကြောင့် Fourth စိတ်မပါ​သောအပြုံး​လေးလုပ်ပြကာ​ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါမှပဲ Gemini ကပြုံးရွှင်ပြီးသူ့သူငယ်ချင်း​တွေဆီသို့ ဖုန်းဆက်ကာကြွားလုံးထုတ်​တော့သည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Mar 14 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Just Being FriendlyDove le storie prendono vita. Scoprilo ora