6

839 91 7
                                    

Just Being Friendly

" Fourth ထ​တော့ ​ရေ​ဆော့မယ်ဆို "

​နေ့လည်က​တော့ ​ရေမ​ဆော့ရလို့​​သောင်းကျန်း​နေတဲ့က​လေးက အခုကျ သူမဟုတ်သလိုအိပ်ရာ​ထဲမှမနည်းဆွဲထုတ်​နေရသည်။

" Fourth မင်းမထရင်ငါနမ်းလိုက်မှာ​နော် "

အိပ်ချင်​ယောင်​ဆောင်​​နေမှန်းသိသားပဲ။
ထပ်နမ်းမယ်ဆိုတဲ့ စကားလဲကြား​ရော လှုပ်စိလှုပ်စိနဲ့
​စောင်ထဲမျက်နှာကိုအတင်းဝှက်ပစ်သည်။
တစ်ကယ်ဆို ​နေ့လည်က အသည်းယားလွန်းလို့သာ
နမ်းလိုက်မိတာ။သတိပြန်ဝင်သွား​တော့ ဘာ​ပြောရမှန်းမသိတာနဲ့ ယုတ္တိမရှိ​သောအ​ကြောင်းပြချက်ကိုထုတ်​ပြောလိုက်တာဖြစ်သည်။
တစ်ကယ်ယုံသွားမယ်လို့လဲ မ​မျှော်လင့်ထားဘူးရယ်။ 

" Fourth ထ​တော့ကွာ ​"

" Gem ကလဲ ​နောက် ၅ မိနစ်​လောက်ပါပဲ "

" ​ကောင်းပြီ​လေ "

Fourth နဲ့အတူ ​စောင်ထဲဝင်ပြီးခါးကိုတင်း​​နေ​အောင်ဖက်ပစ်လိုက်​တော့ မျက်လုံးအပြူးသားနှင့်
Gemini ဘက်မျက်နှာလှည့်လာသည်။

" ဘာ ... ဘာလုပ်မလို့လဲ "

အသံ​လေးက တစ်ကယ့်ကိုတိုးတိုး​လေးမှတိုးတိုး​လေးပင်။

" ဘာလုပ်​စေချင်လို့လဲ "

Gemini က Fourth ရဲ့နထင်နားအထိတိုးကပ်သွားလိုက်ပြီးပြန်​မေး​တော့ ခန္ဓာကိုယ်ကိုတွန့်ထိုးကာ
စတင်ရုန်း​တော့သည်။

" ထပြီ အခုမှထမှာ ဖယ်​​ပေး​တော့ "

" ​နောက်ကျသွားပြီ ငါ နှိုးကတည်းကထခဲ့သင့်တယ် "

Gemini က Fourth ကို​​စောင်နှင့်အုပ်ရင်း ခါးကိုလိုက်တို့ဖို့လုပ်​တော့ Fourth ဆီက​​နေ ရီသံ​လေး​တွေစတင်ကြားလာရသည်။
​ရေ​ဆော့ဖို့နှိုးလိုက်တာဆို​ပေမဲ့ ​ရေမ​ဆော့ဖြစ်​သေးပဲ အိပ်ရာထဲမှကစားပွဲကိုအဆုံးသတ်ဖို့ကိုသာကြိုးစား​နေရသည်။

" Gem ~ "

​Fourth ဆီက ​ခေါ်သံကြားလို့ ငုံ့ကြည့်​တော့
မျက်ဝန်းလှလှ​လေးနှင့် ထိပ်တိုက်ရင်ဆိုင်ရပြန်သည်။ဘာလိုချင်လို့ အဲ့လိုလာကြည့်​နေတာလဲ။

Just Being FriendlyWhere stories live. Discover now