Part-(1)

3.1K 72 11
                                    

လောက ကြီးထဲမှာ လူချင်းအတူတူ
အသက်ရှူ ပုံချင်း အတူတူ
ဒီကမ္ဘာမြေ ကြီး ပေါ်မှာ မွေးဖွား လာ ခဲ့ ရတာချင်း အတူတူပါပဲ

ကျွန်တော်တို့မွေး ကတည်းက ပြောင်းလဲမရတဲ့ ဖြစ်တည်ခြင်းတွေ

အနေအထားတွေ အခြေအနေအရပ်ရပ်ကြောင့် ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေ သတ်မှတ်ခဲ့ကြတဲ့

အလွှာဆိုတဲ့ ခွဲခြား မှု စည်းမျဉ်းကြီးက
ဘယ်စာအုပ် ဘယ်အဘိဓာန်မှာမှပြ ဌာန်းမထား ဘဲ

သားစဉ်မြေးဆက် တလျှောက် လက်ဆင့်ကမ်းယူလာခဲ့ကြတဲ့ logic တစ်ခုအဖြစ် ခေါင်းထဲ စွဲနေကြတာဘာ့ကြောင့် များပါလဲ

အလွှာဟာ လူတစ်ယောက်ရဲ့ ပိုင်ဆိုင်ကြွယ်ဝခြင်းတွေကိုသာ ကိုယ် စားပြုနိုင်ပေမယ့်

ကျွန်တော်တို့ ဝဲဘက်ရင်အုံက နှလုံးသား နဲ့ပတ်သက်တဲ့ ကိစ္စတွေကြားမှာ
အလွှာ ဆိုတဲ့ သတ်မှတ်ချက် ဝင်ရောက်လာခဲ့လျှင်တော့

ဒါဟာ ကျွန်တော်တို့ နှလုံးသား အပါအဝင် တစ်ဘဝ လုံးကိုပါ အဆိပ် သင့်စေနိုင်တဲ့ အန္တရာယ် များတဲ့ ဘောင်မဝင်ဘဲ အရိုးစွဲနေတဲ့ တရားမဝင်ဥပဒေတစ်ခု ဖြစ်သွားပြီ မဟုတ်လား...

.... .... .... .... ..... .... ..... .....

"Cheer!"

ဂုဏ်ပြုသံ တွေက နာမည်ကြီးတဲ့ club တစ်ခု ၏ VIP ဝိုင်း တစ်ခု ဆီမှ ထွက်ပေါ်လာခဲ့ သည်။

ဂုဏ်ပြု ခံ ရသူ ကာယကံ ရှင်က တော့ ခပ်ဖူးဖူး နှုတ်ခမ်းလေး တွေ လှုပ်ရုံ လေး ပြုံးပြ ကာ လက်ထဲ မှ ယမကာ ခွက်လှလှ လေး ကို လှုပ် ရမ်း လျှက် အရှေ့မှဂုဏ်ပြုနေသော ဖန်ခွက် လေးတွေဆီသို့ အသာအယာထိခတ်လိုက်သည်။

အရိုင်းဆန်တဲ့ မှေးကျဉ်းကျဉ်း မျက်ဝန်းတစ်စုံ၏ အခိုးတွေဝေနေပုံက ယမကာကြောင့်လား
သူ့ရဲ့ရှိရင်းစွဲ ဆွဲအားတွေကြောင့် လား မှိန်ပျပျမီးရောင်အောက် မှာ ပတ်ပတ်လည် မှအာရုံတွေ၏ စတည်းချရာ အကြည့်ပေါင်းစုံတွေက ထိုမျက်ဝန်းတွေကိုတော့ ရင်ဆိုင်နိုင်ခြင်းသိပ်မရှိကြ

ကြည့်လိုက် လျှင် ရုန်းမထွက်နိုင်သည့် လျှို့ဝှက် ထောက်ချောက် ဆူးချွန်သေးသေးလေးတွေ မြှုပ်ထားသလို
ထိုမျက်ဝန်းတွေက လွတ်လမ်းမရှိ

အလႊာ (အလွှာ)(Completed)Where stories live. Discover now