Part-(16)uni

1K 81 1
                                    

"မင်းတို့ အမြန်လက်ထပ်ကြတော့"

Park သခင်ကြီး ၏ စကားကြောင့် နှင်းဆီလေး ကိုကြီးကို တစ်ချက်ကြည့်ကာ

"Daddy ကျွန်တော် မလုပ်နိုင်ဘူး

ြီပီးတော့ ဒါက ကုမ္ပဏီ ကို ထိန်းချုပ်ချင်လို့ Daddy လုပ်ထားတယ် ဆိုတာ သားသိတယ်"

"Daddy က နေမကောင်းဘူး ဆိုပြီးတော့ သည်းငယ်က မလေးစားချင်တော့တာလား"

"သားရဲ့ အားနည်း ချက်ကို မနင်းပါနဲ့
Daddy
နှစ်ခါနာ ရဖို့အတွက် ရူးလောက်အောင် ကြောက်လွန်းလို့ပါ"

ကိုကြီးသည် စကားတစ်ခွန်းမှ ဝင်မပြောစွာ နှင်းဆီလေး ကိုတွေတွေလေး ကြည့်နေခဲ့သည်

"အားလုံးဟာ သည်းငယ် အတွက်ပဲ Daddy လုပ်ခဲ့တာ

မင်းကိုကြီး ကိုလည်းငဲ့ ကြည့်ဦး
သူ့ မိဘတွေ ပိုင်တဲ့ ရှယ်ယာ တွေကို အားလုံး သည်းငယ် နာမည်နဲ့ ပဲ ပေးခဲ့တာ

ကုမ္ပဏီ ရဲ့ အကြီးဆုံး ရာထူးနဲ့ ထိုက်တန်အောင် Daddy တို့ ဘယ်လောက်တောင် လမ်းတွေဖောက်ခဲ့ရလဲ

မင်း ကိုကြီး လိုလူမျိုး နှစ်ယောက်မရှိဘူး"

သူ့အတွက် ဆိုသော အရာတွေကို သူမမက်မောတတ်တော့ တာ ကြာခဲ့ ပြီပေါ့
ဖရိုဖရဲ နှင့် စိတ်မပါ သည့် ဘဝမှာ အသက်ရှင်ခဲ့ ရသည့် ဘဝသည် ဘယ်လောက်ပင်ပန်းလဲ သူအသိဆုံး

သူ့အတွက်ဆိုသည့် အရာတွေကြောင့်ပဲ သူအတော်လေး ပူလောင်ခဲ့ရပြီးပြီမဟုတ်လား

"ကိုကြီး Min ကိုချစ်ပေးတာ
စေတနာ ရှိပေးခဲ့ တာတွေ အတွက်
ရင်ထဲ က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်

ဒါပေမယ့် ကိုကြီးကို Min လက်မထပ်နိုင်ဘူး"

Nam Joon သိပြီးသား အဖြေတစ်ခု ဖြစ်သည်မို့ မျက်ရည်တွေ ကျနေရုံကလွဲ လို့ ဘာမှ မပြောနိုင်ခဲ့

"အခု ဒီရာထူး ဒီအခြေအနေတွေ အားလုံးကို ကိုကြီး ပဲပြန်ယူလိုက်ပါ

တကယ်တမ်းပြောရရင် သည်နေရာကအစကတည်းက ကိုကြီးရှိနေသင့်ခဲ့တဲ့ နေရာပါ

ကျွန်တော် အကုန်လုံးကို စွန့်လွတ် နိုင်ပေမယ့် ငယ့်ကို မစွန့်လွတ်နိုင် ဘူး"

အလႊာ (အလွှာ)(Completed)Where stories live. Discover now