Part-(10)uni

904 67 2
                                    

"ဒါဘာတွေလဲ"

"နှင်းဆီ ပင်တွေလေ"

မနက်ခင်း အိပ်ချင်မူးတူးဖြင့် ထလာသော သူ့မှာ အိမ်ပြင်ဘက်တွင်ချထားသော ထိုးထောင်နေသည့် ပန်းအိုးတွေကြောင့် မျက်လုံးတွေ ပြူးရသည်။

"ကို သူတို့မရှိဘဲ
အသက်မရှင်နိုင်ဘူး"

နှင်းဆီတွေ ၏ အရှင်သခင်ဟာ နှင်းဆီတွေ မရှိလျှင်မရှင်သန်နိုင်ပါဘူးတဲ့

သည်နေ့သည် ကျောင်းပိတ်ရက် မို့ ညနေဘက် အလုပ်သွား ရုံမှ လွဲ ၍ ဘာမှ လုပ်စရာထွေထူး မရှိခဲ့
သို့သော် အလုပ်ကို အိမ်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ခေါ်လာသူက ရှိနေပြန်လေသည်။

"နှင်းဆီတွေကို ချစ်ပေးပါငယ်
ကို့ကို ချစ်သလိုပဲပေါ့"

ပန်းအိုး လေးများကို နေရာချနေခဲ့ပြီး ပြောလာသည့်စကားများကြောင့် ဒေါသအိုးသည် ဘုကြည့်ကြည့့်လာကာ

"မချစ်ပါဘူး ဘာဖြစ်လို့ ချစ်ရမှာ လဲ"

"ငယ်ကလဲ"

အစိမ်းရောင် စာအိတ်လေးကိုကိုင် ကာ ပြောလာသူက ငိုချတော့မည့် လေသံနှင့်မို့
နှုတ်ခမ်းပါး လေးတွေက လှုတ်ခတ်ရုံပြုံးကာ ပါးဖောင်းဖောင်တွေ ကိုဆွဲဖျစ်တော့ မျက်ဝန်းတွေ က ကြောင် လျှက်သားလေးကြည့်လာသည်။

"မနက်စာ ပြင်ထားတယ်
အလုပ်သွားရမှာမဟုတ်လား"

"ဒီနေ့မသွားတော့ဘူး"

"ဘယ်လို အလုပ်ရှင်လဲ"

ပြောပြီး အိမ်ထဲဝင်မည် လုပ်တော့နှင်းဆီလေးသည် ကျောဘက်မှ ခုန်တက်လာကာ သိုင်းဖက်လာခဲ့သည်။
ရုတ်တရက် ဆန်သော်လည်း Jeon လက်တွေသည် အနောက်သို့ ပြန်လည် သိုင်းဖက် ရက် သားဖြင့် အံဝင် ခွင်ကျ

"ငယ်သိလား..ကို ငယ် နဲ့မတွေ့ရမှာ စိုးလို့ တစ်ရက်မှ နားရက်မယူခဲ့ဘူး

ဒီ project ကို ကို စပြီး ဦးစီးကတည်းကပဲ"

ထမင်းစားခန်း ထိုင်ခုံမှာ ချပေးတော့ ငြိမ်ငြိမ်လေး ထိုင်ကာ Jeon လုပ် သမျှ ကို ကြည့်နေခဲ့ သည်။

"ကျွန်တော်က ခင်ဗျားရဲ့ ဘာလဲ"

"ဘဝကြီးလေ
ငယ်က ကို့ရဲ့ ဘဝကြီးပဲ
ဘယ်လောက်ကြမ်းကြမ်း ကို အပိုင်လိုချင်တဲ့ ကို့ ဘဝကြီးပဲ"

အလႊာ (အလွှာ)(Completed)Where stories live. Discover now