Part-(11)uni

763 71 2
                                    


စာမေးပွဲ တိုင်း၏ ရလဒ်တွေသည် ကောင်း ခဲ့တာမို့ ကိုယ့်ကိုယ်ကို ကျေနပ်၍ မဆုံး

ကျောင်းတက်အလုပ်လုပ် ဘဝပေးအခြေအနေသည် သိပ်မလှခဲ့သော်လည်း ချစ်ရသူ အနားမှာ ရှိနေတော့ ပိုလှပါသည်။
Park Jiminဆိုသည့် သူ့ရဲ့ အချစ်ဆုံးဟာ ဘယ်တုန်းက မှ သူ့ကို အလွတ်မပေးခဲ့
လူမရှိလျှင်တောင် နှင်းဆီတွေ၏ အရှင်သခင်ဟာ နှင်းဆီတွေကို စေစားနေတာမျိုး

နှင်းဆီတွေသည် သူတို့၏ အရှင်သခင် စေလိုရာအတိုင်း နေ့ညမပြတ် ဒေါသအိုးလေး အနားမှာ သတိပေးလွှမ်းခြုံနေတတ်သည်။

ဘယ်လောက်တောင် အနိုင်နဲ့ ပိုင်းတတ်လဲဆို

Jeon အာရုံတွေကို တစ်သမတ်တည်း သူ့အတွက်ပဲ အပိုင်စား လိုချင် တတ်လွန်းသူဟာ
နှစ်ပေါင်းများစွာ စာအုပ်တွေနှင့် ပြည့်နှက်နေသော စားပွဲတွင် တစ်နေရာစာအတွက် နှင်းဆီအိုးသေးသေးလေးကို နေရာယူစေ ပြန်သည်။

နှင်းဆီလေး ဟာ ငယ့်စိတ် ပိုင်းဆိုင်ရာတွေ အထိပါ မသိမသာလေး ခြယ်လှယ်တတ်တာမျိုး

ပန်းအိုးလေးဘေးတွင်တော့ စက္ကူ ဘူးလေး တစ်ခု
Jeon စာကြည့်စားပွဲတွင် ထိုင်နေရင်း ပန်းရောင်စာအိတ်လေး ကို ထို စက္ကူ ဘူးထဲသို့ ထည့်လိုက်သည်။

တစ်လတစ်ကြိမ် ပို့လွှတ်လာသည့် စာလွှာလေးတွေသည် ထိုစက္ကူ ဘူးလေး ထဲတွင် အထပ်လိုက် စနစ်တကျ ရှိနေပါလိမ့်မည်။

အရောင်သည် နှစ်မျိုးသာ
အစိမ်းရောင် စာအိတ်လေး နှင့် ပန်းရောင်စာအိတ် လေးတွေသည် အစဉ်လိုက်ထပ်လျှက်

မဆက်နွယ်ဖြစ်သေးတဲ့ သံယောဇဉ်တွေဟာ သူ့ ကို ကမ္ဘာကြီး၏ တစ်ဖက်ခြမ်း မှာ အဆင်သင့် စောင့်ကြို နေကြလျှက်
သူ့ဘဝကြီးကို ပို၍ လှနိုင် သော လက်လှမ်းမမီနိုင်သော အရပ်အထိ တွန်းတင်ပေးနိုင်သော လှေကားထစ်တွေ ရှိနေသော အရပ် ဆိုတာ သိရက်နှင့် ခြေဦး တစ်ချက်မှ လှည့် ဖို့ မကြိုးစား သေးတာ
သည်နှင်းဆီတွေ၏ ကွန်ရက်က ရုန်းမထွက်နိုင်ခြင်းကြောင့်

ရုန်းမထွက် ရက်ခဲ့ရသော သည်ခြေလှမ်းတွေ ဆုံးဖြတ်ချက်တွေ အတွက်လည်း နောင်တတို့မရှိခဲ့

အလႊာ (အလွှာ)(Completed)Where stories live. Discover now