Part-(9)uni

774 70 3
                                    

မကြာခင် သူဦးစီးနေသည့် Project လည်းပြီးစီးတော့မည်။
အကောင်းတကအကောင်းဆုံး တွေကိုသာ ကြိုက်တတ်သူဟာ ရလဒ်ကိုလည်း အကောင်းဆုံး ဖြစ်ရမည်ဟူသော ယုံကြည်မှုတွေသည်ပြည့်ပြည့်ဝဝ

အရာရာဟာ မနက်ခင်းတိုင်း ညနေခင်းတိုင်းတွင် ပုံမှန် လည်ပတ်နေဆဲပဲ
ငယ့် ကျောင်းဘက်က သတင်းတွေကို လည်း ကြားမိပါသည်။
ငယ်ဘယ်လောက်တော် ကြောင်း
ငယ်ဘယ်လောက် popular ဖြစ်ကြောင်းကို
ကြားတိုင်း ကျေနပ်ရသည်များက ဘာနှင့်မှ မတူ

ငယ်ဟာ သူမက်မောသမျှအရာတွေအားလုံးနှင့် ဘယ်တော့မှမလဲနိုင်တဲ့ ဖြစ်တည်မှုလေးတစ်ခု
သူ့ရှိသမျှ အရာအားလုံးနှင့်တောင် ယှဉ်လို့မရခဲ့
သူ့ရဲ့ငယ်ဟာ ကမ္ဘာပေါ်မှာ ဘယ်တော့မှနောက်ထပ်ရှိမလာနိုင်တဲ့ တန်ဖိုး အကန့်သတ်မဲ့
သူ့ဘဝရဲ့ အရာရာပါပဲ

"ချစ်တယ် ငယ်"

သူရဲ့ အလုပ်စားပွဲ ပေါ်မှ ငယ့်ရဲ့ ဘေးစောင်းတိုက် လျှပ်တပြက် ဓာတ်ပုံငယ်သည် ဘယ်သူမှ ထိလို့ ကိုင်လို့မရသည့်ရပ်ဝန်းတစ်ခု
အဲလောက်ထိ သူ ငယ့်ကို လောဘ ကြီးတာပါ

"တီ...တီ...တီ"

ဖုန်းဝင် လာသည်မို့ ကောက်ကိုင် လိုက်တော့ တစ်ဖက်မှပြောလာသည့် စကားများကြောင့် မျက်ခုံးတန်းတွေ သည် အလိုလို တွန့်ချိုးမိရက်သား

ထပ်ပြောလာသည့် စကားများကြောင့် နှင်းဆီလေး ၏ မျက်ဝန်းတွေသည် နှင်းဆီအရောင်တွေ ထလာရသည်။

အသက်ရှူ သံတွေသည် ပြင်းပြင်းရှရှဖြစ်လာရပြီး တစ်ဖက်မှ ဖုန်းချသွားသည်နှင့် မနေ့ကမှလဲ ထားသည့် နောက်ဆုံးပေါ် ဖုန်းလေးသည် ကြမ်းပြင်ပေါ်သို့ ရုပ်ပျက်ဆင်းပျက် ကျဆင်းသွားရသည်။

"တောက်!"

ထိုင်ခုံမှ Coat ကိုဆွဲလိုက်ကာ

အတွင်းရေးမှူး အား

"ဒီနေ့ အစီအစဉ်တွေ အကုန်ဖျက်လိုက်"

အလောတကြီး ထွက်ခွာလာခဲ့ လိုက်ကာ အဆောက်အဦး ရှေ့ ထိုးရပ်ထားသော Model မြင့် အနီရောင် ကားလေးပေါ်သို့ တက်ကာ ဦးတည် ရာကို အကြမ်းပတမ်း မောင်း ပြီးထွက်ခွာလိုက်တော့သည်။

အလႊာ (အလွှာ)(Completed)Where stories live. Discover now